ရှင်​မဿဲ​ခ​ရစ်​ဝင် 14 Myanmar Standard Bible (MSB)

ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​သေ​ဆုံး​ခြင်း

1. ထို​အ​ချိန်​တွင် နယ်​စား​ဟေ​ရုဒ်​သည် ယေ​ရှု​၏​သ​တင်း​တော်​ကို​ကြား​၍

2. သူ​၏​ငယ်​သား​တို့​အား “ဤ​သူ​သည် ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သူ​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လေ​ပြီ။ ထို့​ကြောင့် သူ​၌​တန်​ခိုး​လက္ခ​ဏာ​များ​ထင်​ရှား​နေ​၏”​ဟု ဆို​လေ​၏။

3. အ​ကြောင်း​မူ​ကား ဟေ​ရုဒ်​သည် မိ​မိ​အစ်​ကို ဖိ​လိပ္ပု​၏​ဇ​နီး ဟေ​ရော​ဒိ​ကိစ္စ​ကြောင့် ယော​ဟန်​ကို ဖမ်း​ဆီး​ချုပ်​နှောင်​၍ ထောင်​ထဲ​၌​ချ​ထား​ခဲ့​၏။

4. အ​ဘယ်​ကြောင့်​ဆို​သော် ယော​ဟန်​က “သင်​သည် ထို​အ​မျိုး​သ​မီး​ကို သိမ်း​ယူ​ခြင်း​မှာ တ​ရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ဟေ​ရုဒ်​အား ပြော​ခဲ့​သော​ကြောင့်​ဖြစ်​၏။

5. ဟေ​ရုဒ်​သည် ယော​ဟန်​ကို​သတ်​လို​သော်​လည်း လူ​ထု​ကို​ကြောက်​လေ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​တစ်​ပါး​အ​ဖြစ် မှတ်​ယူ​ကြ​၏။

6. သို့​သော် ဟေ​ရုဒ်​၏​မွေး​နေ့​ရောက်​လာ​သော​အ​ခါ ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေ​ရုဒ်​ကို နှစ်​သက်​စေ​၏။

7. ထို့​ကြောင့် ဟေ​ရုဒ်​သည် သင်​တောင်း​သ​မျှ​ကို​ပေး​မည်​ဟု သူ့​အား က​တိ​သစ္စာ​ပြု​လေ​၏။

8. ထို​အ​ခါ​မိန်း​က​လေး​သည် မိ​ခင်​၏​တိုက်​တွန်း​ချက်​အ​ရ “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို ဤ​လင်​ပန်း​ပေါ်​တင်​၍ ကျွန်​မ​အား​ပေး​ပါ”​ဟု တောင်း​ဆို​လေ​၏။

9. မင်း​ကြီး​သည် စိတ်​မ​ကောင်း​ဖြစ်​သော်​လည်း ပြု​ထား​သော​က​တိ​သစ္စာ​ကို​လည်း​ကောင်း၊ မိ​မိ​နှင့်​အ​တူ​စား​သောက်​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်​၍ ပေး​လိုက်​ရန် အ​မိန့်​ပေး​ကာ

10. လူ​ကို​စေ​လွှတ်​ပြီး ယော​ဟန်​၏​ဦး​ခေါင်း​ကို ထောင်​ထဲ​၌ ဖြတ်​စေ​၏။

11. ထို့​နောက် ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တင်​၍ ယူ​လာ​ကာ မိန်း​က​လေး​အား​ပေး​လေ​သော် သူ​သည် မိ​မိ​၏​မိ​ခင်​ထံ​သို့ ယူ​ဆောင်​သွား​လေ​၏။

12. ထို​အ​ခါ ယော​ဟန်​၏​တ​ပည့်​တို့​သည်​လာ​၍ အ​လောင်း​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် သူ့​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။ ထို့​နောက် ယေ​ရှု​ထံ​လာ​၍ ကြား​လျှောက်​ကြ​၏။

လူ​ငါး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း

13. ယေ​ရှု​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ ထို​အ​ရပ်​မှ လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ လှေ​ဖြင့် တစ်​ကိုယ်​တည်း​ကြွ​တော်​မူ​၏။ သို့​သော် လူ​ထု​ပ​ရိ​သတ်​များ​သည် ကြား​သိ​လျှင် မြို့​ရွာ​များ​မှ​ထွက်​၍ နောက်​တော်​သို့ ကုန်း​ကြောင်း​ဖြင့်​လိုက်​ကြ​၏။

14. ကိုယ်​တော်​သည် လှေ​မှ​ဆင်း​သော​အ​ခါ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​ကို​မြင်​လျှင် သူ​တို့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၍ မ​ကျန်း​မာ​သော​သူ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​၏။

15. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ “ဤ​နေ​ရာ​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​ပြီး အ​ချိန်​လည်း လွန်​နေ​ပါ​ပြီ။ လူ​ထု​ပ​ရိ​သတ်​တို့​သည် ကျေး​ရွာ​များ​သို့​သွား​၍ မိ​မိ​တို့​အ​တွက် စား​စ​ရာ​များ​ဝယ်​ယူ​နိုင်​ရန် သူ​တို့​ကို ပြန်​လွှတ်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

16. သို့​သော် ယေ​ရှု​က “သူ​တို့​သွား​ရန်​မ​လို။ သင်​တို့​ကိုယ်​တိုင် သူ​တို့​အား စား​စ​ရာ​ပေး​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

17. တ​ပည့်​တော်​တို့​က​လည်း “အ​ကျွန်ုပ်​တို့​တွင် ဤ​နေ​ရာ​၌ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး မည်​သည့်​အ​ရာ​မျှ​မ​ရှိ​ပါ”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

18. ကိုယ်​တော်​က​လည်း “၎င်း​တို့​ကို ငါ့​ထံ ဤ​နေ​ရာ​သို့​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

19. ထို့​နောက် လူ​ထု​ပ​ရိ​သတ်​တို့​ကို မြက်​ခင်း​ပေါ်​ထိုင်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၍ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ​လျက် မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကာ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း လူ​ထု​ပ​ရိ​သတ်​တို့​အား ဝေ​ပေး​ကြ​၏။

20. လူ​အ​ပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့​နောက် ကြွင်း​ကျန်​သော​မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို​ကောက်​သိမ်း​ကြ​ရာ တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။

21. စား​သော​သူ​တို့​မှာ အ​မျိုး​သ​မီး​များ​နှင့်​က​လေး​သူ​ငယ်​များ​မ​ပါ​ဘဲ ယောက်ျား​ငါး​ထောင်​ခန့်​ရှိ​၏။

ရေ​ပေါ်​၌​လမ်း​လျှောက်​တော်​မူ​ခြင်း

22. ထို့​နောက် ကိုယ်​တော်​သည် ချက်​ချင်း​ပင် တ​ပည့်​တော်​တို့​ကို လှေ​ပေါ်​သို့​တက်​စေ​၍ တစ်​ဖက်​ကမ်း​သို့ မိ​မိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်​မူ​ပြီး တစ်​ချိန်​တည်း​မှာ​ပင် လူ​ထု​ပ​ရိ​သတ်​များ​ကို ပြန်​လွှတ်​တော်​မူ​၏။

23. လူ​ထု​ပ​ရိ​သတ်​များ​ကို ပြန်​လွှတ်​ပြီး​နောက် ကိုယ်​တော်​သည် ဆု​တောင်း​ရန် တောင်​ပေါ်​သို့ တစ်​ကိုယ်​တည်း​တက်​တော်​မူ​၏။ ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ထို​နေ​ရာ​၌ ကိုယ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။

24. ထို​စဉ် လှေ​သည် ကမ်း​မှ အ​တော်​ဝေး​ကွာ​နေ​ပြီး​လေ​ဆန်​ဖြစ်​သော​ကြောင့် လှိုင်း​များ​၏​ရိုက်​ခတ်​ခြင်း​ကို​ခံ​နေ​ရ​၏။

25. မိုး​သောက်​ယံ​အ​ချိန်​၌ ကိုယ်​တော်​သည် ပင်​လယ်​ပေါ်​တွင် လမ်း​လျှောက်​လျက် သူ​တို့​ထံ​သို့ ကြွ​တော်​မူ​၏။

26. တ​ပည့်​တော်​တို့​သည် ပင်​လယ်​ပေါ်​တွင် ကိုယ်​တော်​လမ်း​လျှောက်​နေ​သည်​ကို​မြင်​လျှင် တုန်​လှုပ်​ချောက်​ချား​၍ “တစ္ဆေ”​ဟု အ​လန့်​တ​ကြား​အော်​ဟစ်​ကြ​၏။

27. သို့​သော် ယေ​ရှု​က “မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု သူ​တို့​အား ချက်​ချင်း​မိန့်​တော်​မူ​၏။

28. ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ဖြစ်​သည်​မှန်​လျှင် ကိုယ်​တော်​ထံ​သို့ ရေ​ပေါ်​မှာ​လျှောက်​လာ​ရ​မည့်​အ​ကြောင်း အ​ကျွန်ုပ်​ကို အ​မိန့်​ပေး​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

29. ကိုယ်​တော်​က​လည်း “လာ​ခဲ့​လော့”​ဟု မိန့်​တော်​မူ​ရာ ပေ​တ​ရု​သည် လှေ​မှ​ဆင်း​၍ ရေ​ပေါ်​လမ်း​လျှောက်​လျက် ယေ​ရှု​ထံ​သို့​သွား​လေ​၏။

30. သို့​သော် ပြင်း​ထန်​သော​လေ​ကို​မြင်​လျှင် ကြောက်​၍ ရေ​နစ်​စ​ပြု​သည်​နှင့် “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ကယ်​တော်​မူ​ပါ”​ဟု အော်​ဟစ်​လေ​၏။

31. ထို​အ​ခါ ယေ​ရှု​သည် ချက်​ချင်း​လက်​တော်​ကို​ဆန့်​၍ သူ့​ကို​ကိုင်​ဆွဲ​ကာ “ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် သံ​သ​ယ​ဖြစ်​သ​နည်း”​ဟု မိန့်​တော်​မူ​၏။

32. ထို့​နောက် သူ​တို့​သည် လှေ​ပေါ်​သို့​တက်​ကြ​ရာ လေ​သည် ငြိမ်​သွား​လေ​၏။

33. ထို​အ​ခါ လှေ​ပေါ်​၌​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို​ရှိ​ခိုး​လျက် “ကိုယ်​တော်​သည် အ​မှန်​ပင် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ပါ​၏”​ဟု လျှောက်​ကြ​၏။

ဂင်​နေ​သ​ရက်​မြို့​၌ အ​နာ​ရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ခြင်း

34. ထို့​နောက် သူ​တို့​သည် ပင်​လယ်​ကို​ကူး​၍ ဂင်​နေ​သ​ရက်​မြို့​သို့​ရောက်​ကြ​၏။

35. ထို​အ​ရပ်​၌​ရှိ​သော​လူ​တို့​သည် ကိုယ်​တော်​ကို​မှတ်​မိ​ကြ​သ​ဖြင့် ထို​ဒေ​သ​ဝန်း​ကျင်​တစ်​ခု​လုံး​သို့ လူ​ကို​စေ​လွှတ်​၍ နာ​မ​ကျန်း​ဖြစ်​သူ​ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ပြီး​လျှင်

36. သူ​တို့​အား ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ပန်း​ဖွား​ကို​မျှ တို့​ထိ​ခွင့်​ပြု​ပါ​မည့်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်​ကြ​၏။ တို့​ထိ​ရ​သော​သူ​ရှိ​သ​မျှ​တို့​သည်​လည်း ရော​ဂါ​ပျောက်​ကင်း​ခြင်း​အ​ခွင့်​ကို​ရ​ကြ​၏။