17. ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့်မဟုတ်ဘဲ လူချင်း သင်တို့နှင့် ခေတ္တခဏခွဲခွာနေရသော်လည်း သင်တို့၏မျက်နှာကိုပြန်တွေ့နိုင်ရန် အလွန်တောင့်တ၍ အထူးကြိုးစားကြ၏။
18. ထို့ကြောင့် ငါတို့သည် သင်တို့ထံသို့လာရန် အလိုရှိကြ၏။ ငါပေါလုသည် တစ်ကြိမ်မက နှစ်ကြိမ်တိုင်အောင် အမှန်ပင်ကြိုးစားသော်လည်း စာတန်သည် ငါတို့ကို တားဆီးခဲ့၏။
19. ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့၏မျှော်လင့်စရာအကြောင်း၊ ဝမ်းမြောက်စရာအကြောင်းနှင့် ဝါကြွားစရာသရဖူဖြစ်မည့်သူမှာ မည်သူနည်း။ သင်တို့ပင်မဟုတ်လော။
20. အကြောင်းမူကား သင်တို့သည် ငါတို့၏ဘုန်းအသရေနှင့် ဝမ်းမြောက်ခြင်းဖြစ်ကြ၏။