သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2 Myanmar Standard Bible (MSB)

ပေါ​လု​၏​စီ​မံ​ဆောင်​ရွက်​မှု

1. ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​သို့ ငါ​တို့​ရောက်​ရှိ​လာ​ခြင်း​သည် အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။

2. သင်​တို့​သိ​ကြ​သည့်​အ​တိုင်း ငါ​တို့​သည် ဦး​စွာ ဖိ​လိပ္ပိ​မြို့​၌ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​လျက် နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော်​လည်း ကြီး​စွာ​သော​ဆန့်​ကျင်​တိုက်​ခိုက်​မှု​ထဲ​တွင် ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို ငါ​တို့​၏​ဘု​ရား​သ​ခင်​အား​ဖြင့် သင်​တို့​အား ရဲ​ရင့်​စွာ​ဟော​ပြော​ကြ​၏။

3. အ​ကြောင်း​မူ​ကား ငါ​တို့​သည် မှား​ယွင်း​ခြင်း၊ ညစ်​ညူး​ခြင်း​နှင့် ပ​ရိ​ယာယ်​တို့​အား​ဖြင့် သင်​တို့​ကို​တိုက်​တွန်း​ဟော​ပြော​ကြ​သည်​မ​ဟုတ်။

4. ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​အ​သိ​အ​မှတ်​ပြု​လျက် ကောင်း​မြတ်​သော​သ​တင်း​ကို ငါ​တို့​၌​ယုံ​ကြည်​အပ်​နှံ​ထား​သည့်​အ​လျောက် ငါ​တို့​သည် လူ​တို့​ကို​နှစ်​သက်​စေ​ရန်​မ​ဟုတ်​ဘဲ ငါ​တို့​၏​စိတ်​နှ​လုံး​ကို​စစ်​ဆေး​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို နှစ်​သက်​စေ​ရန် ဟော​ပြော​ကြ​၏။

5. အ​ကြောင်း​မူ​ကား သင်​တို့​သိ​ကြ​သည့်​အ​တိုင်း ငါ​တို့​သည် မြှောက်​ပင့်​သော​စ​ကား​ကို တစ်​ကြိမ်​တစ်​ခါ​မျှ​မ​သုံး၊ လော​ဘ​စိတ်​ဖြင့်​ဟန်​ဆောင်​ခြင်း​လည်း​မ​ရှိ​ခဲ့​ပေ။ ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​သည် ငါ​တို့​၏​သက်​သေ​ဖြစ်​တော်​မူ​၏။

6. ငါ​တို့​သည် ခ​ရစ်​တော်​၏​တ​မန်​တော်​များ​အ​နေ​ဖြင့် ဩ​ဇာ​အာ​ဏာ​ကို​အ​သုံး​ပြု​နိုင်​သော်​လည်း သင်​တို့​ထံ​မှ​ဖြစ်​စေ၊ အ​ခြား​သော​သူ​တို့​ထံ​မှ​ဖြစ်​စေ လူ​တို့​ပေး​သော​ဂုဏ်​ပြု​ချီး​မွမ်း​ခြင်း​ကို​မ​ရှာ​ဘဲ

7. နို့​တိုက်​မိ​ခင်​သည် မိ​မိ​၏​သား​သ​မီး​များ​ကို ယု​ယ​ကြင်​နာ​သ​ကဲ့​သို့ သင်​တို့​အ​လယ်​၌ နူး​ညံ့​သိမ်​မွေ့​သော​သူ​များ​ဖြစ်​ကြ​၏။

8. ထို​နည်း​တူ သင်​တို့​သည် ငါ​တို့​ချစ်​သော​သူ​များ​ဖြစ်​လာ​ကြ​သော​ကြောင့် ငါ​တို့​သည် သင်​တို့​ကို​ချစ်​ခင်​တွယ်​တာ​လျက် ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို​သာ​မ​က ငါ​တို့​၏​အ​သက်​ကို​ပင် ဝေ​မျှ​ပေး​ရန် စေ​တ​နာ​စိတ်​ရှိ​ကြ​၏။

9. ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​နှင့်​ပင်​ပန်း​ခက်​ခဲ​မှု​တို့​ကို သင်​တို့​မှတ်​မိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​ထဲ​မှ မည်​သူ့​အ​ပေါ်​၌​မျှ ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ရန် နေ့​ရော​ည​ပါ​အ​လုပ်​လုပ်​လျက် ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား ဟော​ပြော​ကြ​၏။

10. ငါ​တို့​သည် ယုံ​ကြည်​သူ​ဖြစ်​သော​သင်​တို့​တွင် မည်​သို့ သန့်​ရှင်း​ဖြူ​စင်​စွာ​နှင့် ဖြောင့်​မတ်​စွာ​ပြု​မူ​လျက် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​ရ​လေ​အောင် နေ​ထိုင်​ခဲ့​သည်​ကို သင်​တို့​နှင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

11. သင်​တို့​သိ​ကြ​သည့်​အ​တိုင်း ဖ​ခင်​သည် မိ​မိ​သား​သ​မီး​များ​အ​ပေါ်​ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​အ​ပေါ်​ပြု​မူ​လျက်

12. မိ​မိ​နိုင်​ငံ​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​သို့ သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​စွာ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​ရန် သင်​တို့​တစ်​ဦး​စီ​အား တိုက်​တွန်း​နှိုး​ဆော်​၍ နှစ်​သိမ့်​အား​ပေး​ကာ သ​တိ​ပေး​ခဲ့​ကြ​၏။

နှုတ်​က​ပတ်​တ​ရား​ကို လက်​ခံ​ခြင်း​နှင့်​ဆန့်​ကျင်​ခြင်း

13. သင်​တို့​သည် ငါ​တို့​ထံ​မှ​ကြား​နာ​သော ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို လက်​ခံ​ကြ​သော​အ​ခါ လူ​တို့​၏​စ​ကား​အ​ဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်​မှန်​သည့်​အ​ဖြစ်​အ​တိုင်း တစ်​နည်း​ဆို​သော် ယုံ​ကြည်​သော​သင်​တို့​အ​ထဲ​၌ သက်​ဝင်​လှုပ်​ရှား​နေ​သော ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​အ​ဖြစ် လက်​ခံ​ကြ​သော​ကြောင့် ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို အ​မြဲ​မ​ပြတ်​ကျေး​ဇူး​တင်​ကြ​၏။

14. ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​၌​တည်​သော ယု​ဒ​ပြည်​ရှိ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​များ​ကို အ​တု​ယူ​သူ​များ​ဖြစ်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ဂျူး​လူ​မျိုး​တို့​လက်​တွင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​ကြ​သ​ကဲ့​သို့ သင်​တို့​သည်​လည်း မိ​မိ​တို့​၏​အ​မျိုး​သား​ချင်း​များ​လက်​တွင် အ​လား​တူ​ခံ​စား​ရ​ကြ​၏။

15. ဂျူး​လူ​မျိုး​တို့​သည် သ​ခင်​ယေ​ရှု​နှင့်​ပ​ရော​ဖက်​များ​ကို​သတ်​၍ ငါ​တို့​ကို​လည်း လိုက်​လံ​ညှဉ်း​ဆဲ​ကြ​၏။ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​နှစ်​သက်​စေ​ဘဲ လူ​အ​ပေါင်း​တို့​ကို ဆန့်​ကျင်​လျက်

16. လူ​မျိုး​ခြား​တို့​ကယ်​တင်​ခြင်း​ရ​ရှိ​ရန် ငါ​တို့​ဟော​ပြော​သည်​ကို တား​မြစ်​ကာ မိ​မိ​တို့​အ​ပြစ်​များ​ကို အ​စဉ်​အ​မြဲ​ဖြည့်​ဆည်း​ကြ​၏။ သို့​ဖြစ်​၍ အ​မျက်​တော်​သည် သူ​တို့​အ​ပေါ်​သို့ အ​ဆုံး​စွန်​သက်​ရောက်​လေ​၏။

ယုံ​ကြည်​သူ​များ​နှင့်​တွေ့​လို​သော ပေါ​လု​၏​ဆန္ဒ

17. ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် စိတ်​နှ​လုံး​အား​ဖြင့်​မ​ဟုတ်​ဘဲ လူ​ချင်း သင်​တို့​နှင့် ခေတ္တ​ခ​ဏ​ခွဲ​ခွာ​နေ​ရ​သော်​လည်း သင်​တို့​၏​မျက်​နှာ​ကို​ပြန်​တွေ့​နိုင်​ရန် အ​လွန်​တောင့်​တ​၍ အ​ထူး​ကြိုး​စား​ကြ​၏။

18. ထို့​ကြောင့် ငါ​တို့​သည် သင်​တို့​ထံ​သို့​လာ​ရန် အ​လို​ရှိ​ကြ​၏။ ငါ​ပေါ​လု​သည် တစ်​ကြိမ်​မ​က နှစ်​ကြိမ်​တိုင်​အောင် အ​မှန်​ပင်​ကြိုး​စား​သော်​လည်း စာ​တန်​သည် ငါ​တို့​ကို တား​ဆီး​ခဲ့​၏။

19. ငါ​တို့​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​ရှေ့​တော်​၌ ငါ​တို့​၏​မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​နှင့် ဝါ​ကြွား​စ​ရာ​သ​ရ​ဖူ​ဖြစ်​မည့်​သူ​မှာ မည်​သူ​နည်း။ သင်​တို့​ပင်​မ​ဟုတ်​လော။

20. အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ​တို့​၏​ဘုန်း​အ​သ​ရေ​နှင့် ဝမ်း​မြောက်​ခြင်း​ဖြစ်​ကြ​၏။