သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:10-20 Myanmar Standard Bible (MSB)

10. ငါ​တို့​သည် ယုံ​ကြည်​သူ​ဖြစ်​သော​သင်​တို့​တွင် မည်​သို့ သန့်​ရှင်း​ဖြူ​စင်​စွာ​နှင့် ဖြောင့်​မတ်​စွာ​ပြု​မူ​လျက် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​ရ​လေ​အောင် နေ​ထိုင်​ခဲ့​သည်​ကို သင်​တို့​နှင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

11. သင်​တို့​သိ​ကြ​သည့်​အ​တိုင်း ဖ​ခင်​သည် မိ​မိ​သား​သ​မီး​များ​အ​ပေါ်​ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​အ​ပေါ်​ပြု​မူ​လျက်

12. မိ​မိ​နိုင်​ငံ​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​သို့ သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​စွာ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​ရန် သင်​တို့​တစ်​ဦး​စီ​အား တိုက်​တွန်း​နှိုး​ဆော်​၍ နှစ်​သိမ့်​အား​ပေး​ကာ သ​တိ​ပေး​ခဲ့​ကြ​၏။

13. သင်​တို့​သည် ငါ​တို့​ထံ​မှ​ကြား​နာ​သော ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို လက်​ခံ​ကြ​သော​အ​ခါ လူ​တို့​၏​စ​ကား​အ​ဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်​မှန်​သည့်​အ​ဖြစ်​အ​တိုင်း တစ်​နည်း​ဆို​သော် ယုံ​ကြည်​သော​သင်​တို့​အ​ထဲ​၌ သက်​ဝင်​လှုပ်​ရှား​နေ​သော ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​အ​ဖြစ် လက်​ခံ​ကြ​သော​ကြောင့် ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို အ​မြဲ​မ​ပြတ်​ကျေး​ဇူး​တင်​ကြ​၏။

14. ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​၌​တည်​သော ယု​ဒ​ပြည်​ရှိ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​များ​ကို အ​တု​ယူ​သူ​များ​ဖြစ်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ဂျူး​လူ​မျိုး​တို့​လက်​တွင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​ကြ​သ​ကဲ့​သို့ သင်​တို့​သည်​လည်း မိ​မိ​တို့​၏​အ​မျိုး​သား​ချင်း​များ​လက်​တွင် အ​လား​တူ​ခံ​စား​ရ​ကြ​၏။

15. ဂျူး​လူ​မျိုး​တို့​သည် သ​ခင်​ယေ​ရှု​နှင့်​ပ​ရော​ဖက်​များ​ကို​သတ်​၍ ငါ​တို့​ကို​လည်း လိုက်​လံ​ညှဉ်း​ဆဲ​ကြ​၏။ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​နှစ်​သက်​စေ​ဘဲ လူ​အ​ပေါင်း​တို့​ကို ဆန့်​ကျင်​လျက်

16. လူ​မျိုး​ခြား​တို့​ကယ်​တင်​ခြင်း​ရ​ရှိ​ရန် ငါ​တို့​ဟော​ပြော​သည်​ကို တား​မြစ်​ကာ မိ​မိ​တို့​အ​ပြစ်​များ​ကို အ​စဉ်​အ​မြဲ​ဖြည့်​ဆည်း​ကြ​၏။ သို့​ဖြစ်​၍ အ​မျက်​တော်​သည် သူ​တို့​အ​ပေါ်​သို့ အ​ဆုံး​စွန်​သက်​ရောက်​လေ​၏။

17. ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် စိတ်​နှ​လုံး​အား​ဖြင့်​မ​ဟုတ်​ဘဲ လူ​ချင်း သင်​တို့​နှင့် ခေတ္တ​ခ​ဏ​ခွဲ​ခွာ​နေ​ရ​သော်​လည်း သင်​တို့​၏​မျက်​နှာ​ကို​ပြန်​တွေ့​နိုင်​ရန် အ​လွန်​တောင့်​တ​၍ အ​ထူး​ကြိုး​စား​ကြ​၏။

18. ထို့​ကြောင့် ငါ​တို့​သည် သင်​တို့​ထံ​သို့​လာ​ရန် အ​လို​ရှိ​ကြ​၏။ ငါ​ပေါ​လု​သည် တစ်​ကြိမ်​မ​က နှစ်​ကြိမ်​တိုင်​အောင် အ​မှန်​ပင်​ကြိုး​စား​သော်​လည်း စာ​တန်​သည် ငါ​တို့​ကို တား​ဆီး​ခဲ့​၏။

19. ငါ​တို့​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​ရှေ့​တော်​၌ ငါ​တို့​၏​မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​နှင့် ဝါ​ကြွား​စ​ရာ​သ​ရ​ဖူ​ဖြစ်​မည့်​သူ​မှာ မည်​သူ​နည်း။ သင်​တို့​ပင်​မ​ဟုတ်​လော။

20. အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ​တို့​၏​ဘုန်း​အ​သ​ရေ​နှင့် ဝမ်း​မြောက်​ခြင်း​ဖြစ်​ကြ​၏။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2