ရှင်​မဿဲ​ခ​ရစ်​ဝင် 5:8-12 Myanmar Standard Bible (MSB)

8. စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မြင်​ကြ​ရ​လိမ့်​မည်။

9. ငြိမ်း​ချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​များ​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။

10. ဖြောင့်​မတ်​ခြင်း​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။

11. ငါ့​ကြောင့် လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​လျက် ညှဉ်း​ဆဲ​ကာ မ​ကောင်း​သော​အ​ရာ​အ​မျိုး​မျိုး​တို့​ဖြင့် သင်​တို့​ကို မ​ဟုတ်​မ​မှန်​ဆန့်​ကျင်​ပြော​ဆို​ကြ​သော​အ​ခါ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

12. ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌ သင်​တို့​၏​ဆု​လာဘ်​သည် ကြီး​မား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပ​ရော​ဖက်​များ​ကို​လည်း ထို​နည်း​တူ​ညှဉ်း​ဆဲ​ခဲ့​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 5