သို့ဖြစ်၍ ဂါလိလဲနယ်၊ ဒေကာပေါလိနယ်၊ ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့မှ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြ၏။