ရှင်​မဿဲ​ခ​ရစ်​ဝင် 5:46-48 Myanmar Standard Bible (MSB)

46. သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်​သည့်​အ​ကျိုး​ကျေး​ဇူး​ရှိ​သ​နည်း။ အ​ခွန်​ကောက်​ခံ​သူ​တို့​ပင်​လျှင် ထို​နည်း​တူ​ပြု​ကြ​သည်​မ​ဟုတ်​လော။

47. ထို့​ပြင် သင်​တို့​သည် သင်​တို့​၏​ညီ​အစ်​ကို​များ​ကို​သာ နှုတ်​ဆက်​လျှင် မည်​သည့်​သာ​လွန်​ထူး​ခြား​မှု​ကို ပြု​ကြ​သ​နည်း။ သာ​သ​နာ​ပ​လူ​မျိုး​ခြား​တို့​ပင်​လျှင် ထို​သို့​ပြု​ကြ​သည်​မ​ဟုတ်​လော။

48. သို့​ဖြစ်​၍ ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​အ​ဖ​သည် စုံ​လင်​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည်​လည်း စုံ​လင်​ခြင်း​ရှိ​ကြ​ရ​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 5