42. သင့်ထံတောင်းသောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။
43. ‘သင့်ဝန်းကျင်၌ရှိသောသူကိုချစ်၍ သင်၏ရန်သူကို မုန်းရမည်’ဟု ဆိုထားသည်ကို သင်တို့ကြားရ၏။
44. သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။
45. သို့မှသာ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် မကောင်းသောသူများနှင့်ကောင်းသောသူများအပေါ် မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သောသူများနှင့်မဖြောင့်မတ်သောသူများအပေါ် မိုးရွာစေတော်မူ၏။
46. သင်တို့သည် သင်တို့ကိုချစ်သောသူတို့အားချစ်လျှင် သင်တို့၌ မည်သည့်အကျိုးကျေးဇူးရှိသနည်း။ အခွန်ကောက်ခံသူတို့ပင်လျှင် ထိုနည်းတူပြုကြသည်မဟုတ်လော။
47. ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြားတို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။
48. သို့ဖြစ်၍ ကောင်းကင်ဘုံရှင်သင်တို့အဖသည် စုံလင်တော်မူသည့်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြရမည်။