ရှင်​မဿဲ​ခ​ရစ်​ဝင် 5:38-47 Myanmar Standard Bible (MSB)

38. ‘မျက်​စိ​အ​စား မျက်​စိ၊ သွား​အ​စား သွား’​ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

39. သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ မ​ကောင်း​သော​သူ​ကို အ​တိုက်​အ​ခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်​ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။

40. သင့်​ကို​တ​ရား​စွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်​ရုံ​ကို​လည်း ယူ​ခွင့်​ပေး​လော့။

41. သင့်​ကို ခ​ရီး​တစ်​မိုင်​အ​တင်း​အ​ကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်​အ​တူ နှစ်​မိုင်​သွား​လော့။

42. သင့်​ထံ​တောင်း​သော​သူ​အား ပေး​ကမ်း​လော့။ သင့်​ထံ​မှ ချေး​ငှား​လို​သော​သူ​ကို​လည်း မ​ငြင်း​ပယ်​နှင့်။

43. ‘သင့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်​သူ​ကို မုန်း​ရ​မည်’​ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

44. သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်​သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်း​ဆဲ​သော​သူ​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လော့။

45. သို့​မှ​သာ သင်​တို့​သည် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မ​ကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အ​ပေါ် မိ​မိ​၏​နေ​ကို​ထွက်​စေ​တော်​မူ​၍ ဖြောင့်​မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်​မတ်​သော​သူ​များ​အ​ပေါ် မိုး​ရွာ​စေ​တော်​မူ​၏။

46. သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်​သည့်​အ​ကျိုး​ကျေး​ဇူး​ရှိ​သ​နည်း။ အ​ခွန်​ကောက်​ခံ​သူ​တို့​ပင်​လျှင် ထို​နည်း​တူ​ပြု​ကြ​သည်​မ​ဟုတ်​လော။

47. ထို့​ပြင် သင်​တို့​သည် သင်​တို့​၏​ညီ​အစ်​ကို​များ​ကို​သာ နှုတ်​ဆက်​လျှင် မည်​သည့်​သာ​လွန်​ထူး​ခြား​မှု​ကို ပြု​ကြ​သ​နည်း။ သာ​သ​နာ​ပ​လူ​မျိုး​ခြား​တို့​ပင်​လျှင် ထို​သို့​ပြု​ကြ​သည်​မ​ဟုတ်​လော။

ရှင်​မဿဲ​ခ​ရစ်​ဝင် 5