ရှင်​မဿဲ​ခ​ရစ်​ဝင် 5:35-43 Myanmar Standard Bible (MSB)

35. မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား ၎င်း​သည် ကိုယ်​တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ဂျေ​ရု​ဆ​လင်​မြို့​ကို​တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား ၎င်း​သည် ကြီး​မြတ်​သော​ဘု​ရင်​၏​မြို့​တော်​ဖြစ်​၏။

36. သင်​၏​ဦး​ခေါင်း​ကို တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား သင်​သည် ဆံ​ပင်​တစ်​ပင်​ကို​မျှ ဖြူ​အောင် သို့​မ​ဟုတ် မည်း​အောင်​မ​လုပ်​နိုင်။

37. သို့​ဖြစ်​၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ​၍​သာ ပြော​ဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စ​ကား​သည် မ​ကောင်း​သော​အ​ရာ​နှင့်​စပ်​ဆိုင်​၏။

38. ‘မျက်​စိ​အ​စား မျက်​စိ၊ သွား​အ​စား သွား’​ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

39. သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ မ​ကောင်း​သော​သူ​ကို အ​တိုက်​အ​ခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်​ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။

40. သင့်​ကို​တ​ရား​စွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်​ရုံ​ကို​လည်း ယူ​ခွင့်​ပေး​လော့။

41. သင့်​ကို ခ​ရီး​တစ်​မိုင်​အ​တင်း​အ​ကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်​အ​တူ နှစ်​မိုင်​သွား​လော့။

42. သင့်​ထံ​တောင်း​သော​သူ​အား ပေး​ကမ်း​လော့။ သင့်​ထံ​မှ ချေး​ငှား​လို​သော​သူ​ကို​လည်း မ​ငြင်း​ပယ်​နှင့်။

43. ‘သင့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်​သူ​ကို မုန်း​ရ​မည်’​ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 5