ရှင်​မဿဲ​ခ​ရစ်​ဝင် 5:26-37 Myanmar Standard Bible (MSB)

26. သင့်​အား ငါ​အ​မှန်​ဆို​မည်။ နောက်​ဆုံး​ကွတ်​ရန်​တေး​တစ်​ပြား​ကို သင်​ပြန်​၍​မ​ဆပ်​မ​ချင်း ထို​နေ​ရာ​မှ လုံး​ဝ​ထွက်​ရ​မည်​မ​ဟုတ်။

27. ‘အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ’​ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

28. သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား အ​မျိုး​သ​မီး​တစ်​ယောက်​ကို ကိ​လေ​သာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​အ​မျိုး​သ​မီး​နှင့်​ပြစ်​မှား​လေ​ပြီ။

29. သင်​၏​လက်​ယာ​မျက်​စိ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍​လွှင့်​ပစ်​လော့။ အ​ကြောင်း​မူ​ကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံး​ရှုံး​သွား​သော်​လည်း သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​မ​ခံ​ရ​ပါ​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

30. သင်​၏​လက်​ယာ​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်​ပစ်​လော့။ အ​ကြောင်း​မူ​ကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံး​ရှုံး​သွား​သော်​လည်း သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး င​ရဲ​သို့​မ​လား​ရ​ပါ​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

31. ‘မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​သော​သူ​သည် ထို​မ​ယား​အား ဖြတ်​စာ​ကို​ပေး​စေ’​ဟု​လည်း ပြော​ထား​၏။

32. သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​ကြောင်း​မှ​လွဲ​၍ မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​သော​သူ​တိုင်း​သည် ထို​မ​ယား​အား အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို ကျူး​လွန်​စေ​၏။ ကွာ​ရှင်း​ထား​သော​မိန်း​မ​နှင့် ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည်​လည်း အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို ကျူး​လွန်​၏။

33. တစ်​ဖန် ‘မ​မှန်​မ​ကန်​တိုင်​တည်​ပြော​ဆို​ခြင်း​မ​ပြု​ဘဲ သင်​ပြု​ထား​သော​က​တိ​သစ္စာ​များ​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ စောင့်​ထိန်း​ရ​မည်’​ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

34. သို့​သော် သင်​တို့​အား ငါ​ဆို​မည်။ တိုင်​တည်​ပြော​ဆို​ခြင်း​ကို လုံး​ဝ​မ​ပြု​ရ။ ကောင်း​ကင်​ကို​တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား ၎င်း​သည် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​ဖြစ်​၏။

35. မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား ၎င်း​သည် ကိုယ်​တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ဂျေ​ရု​ဆ​လင်​မြို့​ကို​တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား ၎င်း​သည် ကြီး​မြတ်​သော​ဘု​ရင်​၏​မြို့​တော်​ဖြစ်​၏။

36. သင်​၏​ဦး​ခေါင်း​ကို တိုင်​တည်​၍​မ​ပြော​ဆို​ရ။ အ​ကြောင်း​မူ​ကား သင်​သည် ဆံ​ပင်​တစ်​ပင်​ကို​မျှ ဖြူ​အောင် သို့​မ​ဟုတ် မည်း​အောင်​မ​လုပ်​နိုင်။

37. သို့​ဖြစ်​၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ​၍​သာ ပြော​ဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စ​ကား​သည် မ​ကောင်း​သော​အ​ရာ​နှင့်​စပ်​ဆိုင်​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 5