ရှင်​မဿဲ​ခ​ရစ်​ဝင် 5:15-28 Myanmar Standard Bible (MSB)

15. ဆီ​မီး​ကို​ထွန်း​၍ တောင်း​အောက်​၌​ထား​လေ့​မ​ရှိ။ ဆီ​မီး​ခုံ​ပေါ်​၌​သာ ထား​ကြ​သ​ဖြင့် ၎င်း​သည် အိမ်​၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို ထွန်း​လင်း​ပေး​၏။

16. ထို​နည်း​တူ လူ​တို့​သည် သင်​တို့​၏​ကောင်း​သော​အ​ကျင့်​များ​ကို​မြင်​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​သင်​တို့​အ​ဖ​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​မည့်​အ​ကြောင်း သင်​တို့​၏​အ​လင်း​ကို သူ​တို့​ရှေ့​၌​ထွန်း​လင်း​စေ​ကြ​လော့။

17. ပ​ညတ်​တ​ရား​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​ကို ပယ်​ဖျက်​ရန် ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ပယ်​ဖျက်​ရန်​မ​ဟုတ်​ဘဲ ပြည့်​စုံ​စေ​ရန်​သာ ငါ​လာ​၏။

18. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​ကွယ်​ပျောက်​မီ​တိုင်​အောင်၊ အ​ရာ​အား​လုံး​မ​ပြည့်​စုံ​မ​ချင်း ပ​ညတ်​တ​ရား​ကျမ်း​ထဲ​မှ အ​သေး​ဆုံး​အက္ခ​ရာ သို့​မ​ဟုတ် ဗိန္ဒု​တစ်​လုံး​မျှ​ပင် မ​ကွယ်​ပျောက်​ရာ။

19. ထို့​ကြောင့် ဤ​ပ​ညတ်​ချက်​များ​ထဲ​မှ အ​သေး​ငယ်​ဆုံး​တစ်​ခု​ကို​ဖောက်​ဖျက်​၍ သူ​တစ်​ပါး​ကို​လည်း ထို​နည်း​တူ​သွန်​သင်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​ငယ်​ဆုံး​သော​သူ​ဟု အ​ခေါ်​ခံ​ရ​လိမ့်​မည်။ သို့​သော် ၎င်း​ကို​ကျင့်​သုံး​၍ သွန်​သင်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​၌ ကြီး​မြတ်​သော​သူ​ဟု အ​ခေါ်​ခံ​ရ​လိမ့်​မည်။

20. အ​မှန်​စင်​စစ် သင်​တို့​၏​ဖြောင့်​မတ်​ခြင်း​သည် ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​ထက်​မ​သာ​လျှင် သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ လုံး​ဝ​ဝင်​ရ​မည်​မ​ဟုတ်​ဟု သင်​တို့​အား ငါ​ဆို​၏။

21. ‘လူ​မ​သတ်​ရ။ မည်​သူ​မ​ဆို လူ​သတ်​လျှင် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ထိုက်​ပေ​၏’​ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ခဲ့​ရ​၏။

22. သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိ​မိ​ညီ​အစ်​ကို​အ​ပေါ် အ​မျက်​ထွက်​သော​သူ​တိုင်း​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ထိုက်​၏။ မိ​မိ​ညီ​အစ်​ကို​အား ‘အ​လ​ကား​လူ’​ဟု ပြော​သော​သူ​သည် တ​ရား​လွှတ်​တော်​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ထိုက်​၍ ‘လူ​မိုက်’​ဟု ပြော​သော​သူ​သည် င​ရဲ​မီး​ဒဏ်​ကို​ခံ​ထိုက်​၏။

23. ထို့​ကြောင့် ယဇ်​ပလ္လင်​၌ သင်​၏​ပူ​ဇော်​သက္ကာ​ကို​ဆက်​သ​မည်​ပြု​စဉ် သင်​၏​ညီ​အစ်​ကို​သည် သင့်​အား အ​ပြစ်​တင်​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​ကြောင်း သင်​သ​တိ​ရ​လျှင်

24. သင်​၏​ပူ​ဇော်​သက္ကာ​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ထား​ခဲ့​ပြီး သင်​၏​ညီ​အစ်​ကို​ထံ​သို့ ဦး​စွာ​သွား​၍ သူ​နှင့်​ပြန်​လည်​သင့်​မြတ်​အောင်​ပြု​လော့။ ထို့​နောက်​မှ ပြန်​လာ​၍ သင်​၏​ပူ​ဇော်​သက္ကာ​ကို ဆက်​သ​လော့။

25. သင်​သည် သင့်​ကို​တ​ရား​စွဲ​ဆို​သူ​နှင့်​အ​တူ​လမ်း​၌​ရှိ​စဉ် သူ​နှင့်​သင့်​မြတ်​အောင် အ​လျင်​အ​မြန်​ပြု​လော့။ သို့​မ​ဟုတ်​ပါ​က ထို​တ​ရား​စွဲ​ဆို​သူ​သည် သင့်​ကို တ​ရား​သူ​ကြီး​ထံ​အပ်​၍ တ​ရား​သူ​ကြီး​သည် အ​စောင့်​တပ်​သား​ထံ​အပ်​သ​ဖြင့် သင်​သည် ထောင်​ထဲ​၌ ထည့်​ထား​ခြင်း​ခံ​ရ​လိမ့်​မည်။

26. သင့်​အား ငါ​အ​မှန်​ဆို​မည်။ နောက်​ဆုံး​ကွတ်​ရန်​တေး​တစ်​ပြား​ကို သင်​ပြန်​၍​မ​ဆပ်​မ​ချင်း ထို​နေ​ရာ​မှ လုံး​ဝ​ထွက်​ရ​မည်​မ​ဟုတ်။

27. ‘အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ’​ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။

28. သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား အ​မျိုး​သ​မီး​တစ်​ယောက်​ကို ကိ​လေ​သာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​အ​မျိုး​သ​မီး​နှင့်​ပြစ်​မှား​လေ​ပြီ။

ရှင်​မဿဲ​ခ​ရစ်​ဝင် 5