15. ဆီမီးကိုထွန်း၍ တောင်းအောက်၌ထားလေ့မရှိ။ ဆီမီးခုံပေါ်၌သာ ထားကြသဖြင့် ၎င်းသည် အိမ်၌ရှိသောသူအပေါင်းတို့ကို ထွန်းလင်းပေး၏။
16. ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။
17. ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန်မဟုတ်ဘဲ ပြည့်စုံစေရန်သာ ငါလာ၏။
18. သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီးမကွယ်ပျောက်မီတိုင်အောင်၊ အရာအားလုံးမပြည့်စုံမချင်း ပညတ်တရားကျမ်းထဲမှ အသေးဆုံးအက္ခရာ သို့မဟုတ် ဗိန္ဒုတစ်လုံးမျှပင် မကွယ်ပျောက်ရာ။
19. ထို့ကြောင့် ဤပညတ်ချက်များထဲမှ အသေးငယ်ဆုံးတစ်ခုကိုဖောက်ဖျက်၍ သူတစ်ပါးကိုလည်း ထိုနည်းတူသွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဟု အခေါ်ခံရလိမ့်မည်။ သို့သော် ၎င်းကိုကျင့်သုံး၍ သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။
20. အမှန်စင်စစ် သင်တို့၏ဖြောင့်မတ်ခြင်းသည် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့ထက်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ လုံးဝဝင်ရမည်မဟုတ်ဟု သင်တို့အား ငါဆို၏။
21. ‘လူမသတ်ရ။ မည်သူမဆို လူသတ်လျှင် အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏’ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားခဲ့ရ၏။
22. သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
23. ထို့ကြောင့် ယဇ်ပလ္လင်၌ သင်၏ပူဇော်သက္ကာကိုဆက်သမည်ပြုစဉ် သင်၏ညီအစ်ကိုသည် သင့်အား အပြစ်တင်စရာတစ်စုံတစ်ခုရှိကြောင်း သင်သတိရလျှင်