ရှင်​မဿဲ​ခ​ရစ်​ဝင် 5:12-16 Myanmar Standard Bible (MSB)

12. ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌ သင်​တို့​၏​ဆု​လာဘ်​သည် ကြီး​မား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပ​ရော​ဖက်​များ​ကို​လည်း ထို​နည်း​တူ​ညှဉ်း​ဆဲ​ခဲ့​ကြ​၏။

13. သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့​သော် ဆား​သည် အ​ငန်​ဓာတ်​ကင်း​မဲ့​သွား​လျှင် ၎င်း​ကို မည်​ကဲ့​သို့​ပြန်​၍​ငန်​စေ​မည်​နည်း။ မည်​သည့်​အ​ရာ​အ​တွက်​မျှ အ​သုံး​မ​ဝင်​တော့​သ​ဖြင့် အ​ပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်း​ခြေ​ခြင်း​ခံ​ရ​ရုံ​သာ​ရှိ​ပေ​တော့​မည်။

14. သင်​တို့​သည် လော​က​၏​အ​လင်း​ဖြစ်​ကြ​၏။ တောင်​ပေါ်​၌​တည်​ရှိ​သော​မြို့​ကို ကွယ်​ဝှက်​၍​မ​ရ​နိုင်။

15. ဆီ​မီး​ကို​ထွန်း​၍ တောင်း​အောက်​၌​ထား​လေ့​မ​ရှိ။ ဆီ​မီး​ခုံ​ပေါ်​၌​သာ ထား​ကြ​သ​ဖြင့် ၎င်း​သည် အိမ်​၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို ထွန်း​လင်း​ပေး​၏။

16. ထို​နည်း​တူ လူ​တို့​သည် သင်​တို့​၏​ကောင်း​သော​အ​ကျင့်​များ​ကို​မြင်​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​သင်​တို့​အ​ဖ​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​မည့်​အ​ကြောင်း သင်​တို့​၏​အ​လင်း​ကို သူ​တို့​ရှေ့​၌​ထွန်း​လင်း​စေ​ကြ​လော့။

ရှင်​မဿဲ​ခ​ရစ်​ဝင် 5