ရှင်​မဿဲ​ခ​ရစ်​ဝင် 4:17-25 Myanmar Standard Bible (MSB)

17. ထို​အ​ချိန်​မှ​စ​၍ ယေ​ရှု​သည် “ကောင်း​ကင်​နိုင်​ငံ​တော်​ပေါ်​ထွန်း​လု​နီး​ပြီ​ဖြစ်​၍ နောင်​တ​ရ​ကြ​လော့”​ဟု စ​တင်​ဟော​ပြော​တော်​မူ​၏။

18. ဂါ​လိ​လဲ​ပင်​လယ်​ကမ်း​နား​တွင် လမ်း​လျှောက်​တော်​မူ​စဉ် ညီ​အစ်​ကို​နှစ်​ဦး​ဖြစ်​သော ရှိ​မုန်​ဟု​ခေါ်​သည့်​ပေ​တ​ရု​နှင့် သူ​၏​ညီ​အန္ဒြေ​တို့​သည် တံ​ငါ​သည်​များ​ဖြစ်​၍ ပင်​လယ်​ထဲ​တွင် ပိုက်​ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်​မူ​၏။

19. ကိုယ်​တော်​က “ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​အား လူ​ကို​ဖမ်း​သော​တံ​ငါ​သည်​ဖြစ်​စေ​မည်”​ဟု သူ​တို့​အား မိန့်​တော်​မူ​လျှင်

20. သူ​တို့​သည် ချက်​ချင်း​ပင် ပိုက်​ကွန်​များ​ကို​ထား​ခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

21. တစ်​ဖန် ထို​နေ​ရာ​မှ ဆက်​၍​ကြွ​တော်​မူ​ရာ အ​ခြား​ညီ​အစ်​ကို​နှစ်​ဦး​ဖြစ်​သော ဇေ​ဗေ​ဒဲ​၏​သား ယာ​ကုပ်​နှင့်​သူ့​ညီ​ယော​ဟန်​တို့​သည် သူ​တို့​၏​ဖ​ခင်​ဇေ​ဗေ​ဒဲ​နှင့်​အ​တူ လှေ​ထဲ​၌ မိ​မိ​တို့​၏​ပိုက်​ကွန်​များ​ဖာ​ထေး​နေ​ကြ​သည်​ကို​မြင်​၍ သူ​တို့​ကို​ခေါ်​တော်​မူ​၏။

22. သူ​တို့​သည်​လည်း ချက်​ချင်း​ပင် လှေ​နှင့် သူ​တို့​၏​ဖ​ခင်​ကို​ထား​ခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

23. ထို့​နောက် ကိုယ်​တော်​သည် ဂါ​လိ​လဲ​နယ်​တစ်​နယ်​လုံး​ကို လှည့်​လည်​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ သွန်​သင်​တော်​မူ​ကာ နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက် လူ​တို့​ထဲ​၌​စွဲ​ကပ်​နေ​သော ရော​ဂါ​အ​မျိုး​မျိုး​နှင့်​အ​ဖျား​အ​နာ​ရှိ​သ​မျှ​တို့​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။

24. ထို​အ​ခါ ကိုယ်​တော်​၏​သ​တင်း​သည် ဆီး​ရီး​ယား​ပြည်​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​သွား​သ​ဖြင့် လူ​တို့​သည် ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​၍ ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သူ​များ၊ နတ်​ဆိုး​ပူး​သူ​များ၊ ဝက်​ရူး​ပြန်​ရော​ဂါ​စွဲ​သော​သူ​များ​နှင့် လေ​ဖြတ်​သော​သူ​များ စ​သည့်​နာ​မ​ကျန်း​ဖြစ်​သူ​အ​ပေါင်း​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​ရာ ကိုယ်​တော်​သည် သူ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​၏။

25. သို့​ဖြစ်​၍ ဂါ​လိ​လဲ​နယ်၊ ဒေ​ကာ​ပေါ​လိ​နယ်၊ ဂျေ​ရု​ဆ​လင်​မြို့၊ ယု​ဒ​နယ်​နှင့် ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​တို့​မှ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 4