ရှင်​မဿဲ​ခ​ရစ်​ဝင် 28:6-13 Myanmar Standard Bible (MSB)

6. ကိုယ်​တော်​သည် ဤ​နေ​ရာ​၌​မ​ရှိ။ အ​ကြောင်း​မူ​ကား မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ ကိုယ်​တော်​လျောင်း​တော်​မူ​ခဲ့​သည့်​နေ​ရာ​ကို လာ​ကြည့်​ကြ​လော့။

7. ထို့​နောက် အ​လျင်​အ​မြန်​သွား​၍ တ​ပည့်​တော်​တို့​အား ‘ကိုယ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီ။ ကြည့်​ရှု​လော့။ ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက်​အ​လျင်​ဦး​စွာ​ကြွ​နှင့်​တော်​မူ​ပြီ။ သင်​တို့​သည် ထို​အ​ရပ်​၌ ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်’​ဟူ​၍ ပြော​ကြား​ကြ​လော့။ သင်​တို့​အား ယ​ခု ငါ​ပြော​ပြီ”​ဟု မြွက်​ဆို​လေ​၏။

8. အ​မျိုး​သ​မီး​တို့​သည် ကြောက်​ရွံ့​ကြ​သော်​လည်း အ​လွန်​ဝမ်း​မြောက်​လျက် သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​ထွက်​သွား​ကြ​ကာ တ​ပည့်​တော်​တို့​အား ပြော​ပြ​ရန် ပြေး​သွား​ကြ​၏။

9. ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​နှင့်​တွေ့​ဆုံ​လျက် “မင်္ဂ​လာ​ပါ”​ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည် ချဉ်း​ကပ်​၍ ကိုယ်​တော်​၏​ခြေ​တော်​ကို ဖက်​ထား​ကာ ကိုယ်​တော်​ကို​ရှိ​ခိုး​ကြ​၏။

10. ထို့​နောက် ယေ​ရှု​က “ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​၍ ငါ​၏​ညီ​အစ်​ကို​တို့​အား ဂါ​လိ​လဲ​နယ်​သို့​သွား​ရန် ပြော​ကြား​ကြ​လော့။ သူ​တို့​သည် ထို​နေ​ရာ​၌ ငါ့​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

11. ထို​အ​မျိုး​သ​မီး​တို့​သွား​ကြ​စဉ်​တွင် အ​စောင့်​တပ်​သား​အ​ချို့​တို့​သည်​လည်း မြို့​ထဲ​သို့​လာ​၍ ဖြစ်​ပျက်​ခဲ့​သ​မျှ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ သ​တင်း​ပို့​ကြ​၏။

12. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် သက်​ကြီး​ဝါ​ကြီး​တို့​နှင့်​အ​တူ​စု​ဝေး​၍ တိုင်​ပင်​ဆွေး​နွေး​ကြ​ပြီး​မှ စစ်​သား​တို့​အား ငွေ​အ​မြောက်​အ​မြား​ပေး​လျက်

13. “‘ည​အ​ချိန် ငါ​တို့​အိပ်​ပျော်​နေ​စဉ် သူ​၏​တ​ပည့်​တို့​သည် လာ​၍ အ​လောင်း​ကို​ခိုး​သွား​ကြ​သည်’​ဟု ပြော​ကြ​လော့။

ရှင်​မဿဲ​ခ​ရစ်​ဝင် 28