ထို့နောက် အလျင်အမြန်သွား၍ တပည့်တော်တို့အား ‘ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီ။ ကြည့်ရှုလော့။ ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့။ သင်တို့အား ယခု ငါပြောပြီ”ဟု မြွက်ဆိုလေ၏။