58. သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ထိုအခါ ပိလတ်မင်းသည် အလောင်းတော်ကိုပေးလိုက်ရန် အမိန့်ပေး၏။
59. ယောသပ်သည် အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောဖြင့် ပတ်ရစ်ပြီးလျှင်
60. ကျောက်ဆောင်၌ထွင်းထားသော မိမိပိုင်ဆိုင်သည့် သင်္ချိုင်းဂူသစ်ထဲတွင် သွင်းထားလေ၏။ ထို့နောက် ကြီးမားသောကျောက်တုံးကို ဂူဝသို့လှိမ့်ထားပြီးမှ ပြန်သွားလေ၏။
61. မာဂဒလမြို့သူမာရိနှင့် အခြားသောမာရိတို့သည်လည်း ထိုနေရာ၌ရှိလျက် သင်္ချိုင်းတော်ရှေ့တွင်ထိုင်နေကြ၏။