ရှင်​မဿဲ​ခ​ရစ်​ဝင် 27:32-36 Myanmar Standard Bible (MSB)

32. သူ​တို့​ထွက်​သွား​ကြ​စဉ် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​မြို့​သား​တစ်​ဦး​ကို​တွေ့​သ​ဖြင့် ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို သူ့​အား အ​တင်း​အ​ကျပ်​ထမ်း​စေ​ကြ​၏။

33. ဤ​သို့​ဖြင့် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​ခေါ်​ဝေါ်​သော ဂေါ​လ​ဂေါ​သ​အ​မည်​တွင်​သည့်​အ​ရပ်​သို့ ရောက်​ကြ​လျှင်

34. သူ​တို့​သည် ကိုယ်​တော်​အား ဆေး​ခါး​နှင့်​ရော​ထား​သော​စ​ပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။

35. ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲ​ဝေ​ကြ​၏။

36. ထို့​နောက် ထို​နေ​ရာ​၌ ထိုင်​လျက် ကိုယ်​တော်​ကို စောင့်​ကြည့်​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 27