1. မိုးလင်းချိန်ရောက်သောအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးအားလုံးတို့သည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။
2. ထို့နောက် ကိုယ်တော်ကိုချည်နှောင်လျက် ခေါ်ဆောင်သွားကာ ဘုရင်ခံပိလတ်မင်းထံ အပ်နှံကြ၏။
3. ကိုယ်တော်ကိုအပ်နှံသောယုဒသည် ကိုယ်တော်ပြစ်ဒဏ်စီရင်ခြင်းခံရကြောင်းတွေ့မြင်လျှင် စိတ်မကောင်းဖြစ်ကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများထံ ငွေဒင်္ဂါးသုံးဆယ်ကိုပြန်ပေးလျက်
4. “အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
5. ထိုအခါ သူသည် ထိုငွေကို ဗိမာန်တော်ထဲ၌ပစ်ချပြီး ထွက်သွားလေ၏။ ထို့နောက် အခြားသို့သွား၍ ကြိုးဆွဲချသေလေ၏။
6. ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက်
7. တိုင်ပင်ဆွေးနွေးကြပြီးမှ သူစိမ်းဧည့်သည်တို့၏သင်္ချိုင်းအတွက် အိုးထိန်းသည်၏မြေယာကို ထိုငွေဖြင့်ဝယ်ယူကြ၏။
8. ထို့ကြောင့် ထိုမြေယာကို ယနေ့တိုင်အောင် သွေးမြေဟုခေါ်တွင်ကြ၏။