ရှင်​မဿဲ​ခ​ရစ်​ဝင် 18:9-19 Myanmar Standard Bible (MSB)

9. ထို့​ပြင် သင်​၏​မျက်​စိ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍ လွှင့်​ပစ်​လော့။ မျက်​စိ​နှစ်​လုံး​ပါ​လျက် င​ရဲ​မီး​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် မျက်​စိ​တစ်​လုံး​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

10. ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​ကို မ​ထီ​မဲ့​မြင်​မ​ပြု​မိ​စေ​ရန် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ဖူး​မြင်​ကြ​ရ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။

11. [အ​မှန်​စင်​စစ် လူ့​သား​သည် ပျောက်​ဆုံး​သော​သူ​တို့​ကို ကယ်​တင်​ရန် ကြွ​လာ​၏။]

12. သင်​တို့​မည်​သို့​ထင်​ကြ​သ​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ​၌ သိုး​အ​ကောင်​တစ်​ရာ​ရှိ​ပြီး ၎င်း​တို့​ထဲ​မှ တစ်​ကောင်​သည် လမ်း​လွဲ​ပျောက်​ဆုံး​လျှင် သူ​သည် ကိုး​ဆယ့်​ကိုး​ကောင်​ကို တောင်​ပေါ်​၌​ထား​ခဲ့​၍ လမ်း​လွဲ​ပျောက်​ဆုံး​နေ​သော​သိုး​ကို သွား​၍​ရှာ​မည်​မ​ဟုတ်​လော။

13. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သူ​သည် ထို​သိုး​ကို​တွေ့​လျှင် လမ်း​လွဲ​ပျောက်​ဆုံး​ခြင်း​မ​ရှိ​သော ကိုး​ဆယ့်​ကိုး​ကောင်​အ​တွက် ဝမ်း​မြောက်​သည်​ထက် ထို​သိုး​တစ်​ကောင်​အ​တွက် ပို​၍​ဝမ်း​မြောက်​လိမ့်​မည်။

14. ထို​နည်း​တူ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​သင်​တို့​အ​ဖ​သည် ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​ယောက်​ကို​မျှ ပျက်​စီး​စေ​ရန် အ​လို​တော်​မ​ရှိ။

15. သင်​၏​ညီ​အစ်​ကို​သည် သင့်​အား​ပြစ်​မှား​လျှင် သွား​၍ နှစ်​ကိုယ်​ကြား သူ့​ကို​ဆို​ဆုံး​မ​လော့။ သူ​သည် သင်​၏​စ​ကား​ကို​နား​ထောင်​လျှင် သင်​၏​ညီ​အစ်​ကို​ကို သင်​ရ​ရှိ​ပြီ။

16. နား​မ​ထောင်​လျှင်​မူ​ကား သက်​သေ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​၏​ထွက်​ဆို​ချက်​အား​ဖြင့် စ​ကား​အား​လုံး​ကို​အ​တည်​ပြု​စေ​ရန် အ​ခြား​တစ်​ဦး သို့​မ​ဟုတ် နှစ်​ဦး​ကို သင်​နှင့်​အ​တူ​ခေါ်​သွား​လော့။

17. သူ​သည် ထို​သူ​တို့​၏​စ​ကား​ကို​ဂ​ရု​မ​စိုက်​လျှင် အ​သင်း​တော်​အား ပြော​ကြား​လော့။ အ​သင်း​တော်​၏​စ​ကား​ကို​လည်း ဂ​ရု​မ​စိုက်​လျှင် သာ​သ​နာ​ပ​လူ​မျိုး​ခြား​နှင့်​အ​ခွန်​ကောက်​ခံ​သူ​ကဲ့​သို့ သူ့​ကို​မှတ်​ယူ​လော့။

18. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ မြေ​ကြီး​ပေါ်​၌ သင်​တို့​ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ​၌ ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​၌ သင်​တို့​ဖြေ​လွှတ်​သ​မျှ​သည်​လည်း ကောင်း​ကင်​ဘုံ​၌ ဖြေ​လွှတ်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်။

19. တစ်​ဖန် သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သင်​တို့​တွင် လူ​နှစ်​ဦး​သည် မိ​မိ​တို့​တောင်း​လျှောက်​သည့်​အ​ရာ​အား​လုံး​အ​တွက် မြေ​ကြီး​ပေါ်​၌ စိတ်​သ​ဘော​တူ​ကြ​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် သူ​တို့​အ​တွက် ၎င်း​ကို ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 18