ရှင်​မဿဲ​ခ​ရစ်​ဝင် 18:6-10 Myanmar Standard Bible (MSB)

6. သို့​သော် ငါ့​ကို​ယုံ​ကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​ကို မှား​ယွင်း​စေ​သော​သူ​သည် ကြီး​မား​သော​ကြိတ်​ဆုံ​ကျောက်​ကို သူ့​လည်​ပင်း​၌​ဆွဲ​လျက် ပင်​လယ်​၏​ရေ​နက်​ရာ​တွင် နှစ်​မြှုပ်​ခံ​ရ​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​၏။

7. ဤ​လော​က​သည် မှား​ယွင်း​စေ​သော​အ​ရာ​များ​ကြောင့် အမင်္ဂ​လာ​ရှိ​၏။ မှား​ယွင်း​စေ​သော​အ​ရာ​များ​သက်​ရောက်​မည်​ကို လွှဲ​ရှောင်​၍​မ​ရ​နိုင်။ သို့​သော် မှား​ယွင်း​စေ​သော​အ​ရာ​ကို သက်​ရောက်​စေ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။

8. သင်​၏​လက် သို့​မ​ဟုတ် သင်​၏​ခြေ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်​ပစ်​လော့။ လက်​နှစ်​ဖက်​သို့​မ​ဟုတ် ခြေ​နှစ်​ဖက်​ပါ​လျက် ထာ​ဝ​ရ​မီး​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် လက်​တစ်​ဖက်​သို့​မ​ဟုတ် ခြေ​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

9. ထို့​ပြင် သင်​၏​မျက်​စိ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍ လွှင့်​ပစ်​လော့။ မျက်​စိ​နှစ်​လုံး​ပါ​လျက် င​ရဲ​မီး​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် မျက်​စိ​တစ်​လုံး​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

10. ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​ကို မ​ထီ​မဲ့​မြင်​မ​ပြု​မိ​စေ​ရန် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ဖူး​မြင်​ကြ​ရ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 18