29. ထိုအခါ ထိုအစေအပါးချင်းသည် ပျပ်ဝပ်လျက် ‘အကျွန်ုပ်ကိုသည်းခံပါ။ သင့်အား အကြွေးပြန်ဆပ်ပါမည်’ဟု တောင်းပန်လေ၏။
30. သို့သော် သူသည် လက်မခံဘဲ သွား၍ ထိုအစေအပါးချင်းအား သူယူထားသောအကြွေးကို ပြန်ဆပ်သည့်တိုင်အောင် ထောင်ထဲ၌ ထည့်ထားလေ၏။
31. အခြားသောအစေအပါးချင်းများသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် အလွန်စိတ်မကောင်းဖြစ်ကာ သူတို့၏သခင်ထံသို့သွား၍ ဖြစ်လေသမျှတို့ကို လျှောက်ထားကြ၏။
32. ထိုအခါ သခင်သည် ထိုအစေအပါးကိုခေါ်၍ ‘ဆိုးညစ်သောအစေအပါး၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် အကြွေးရှိသမျှကို သင့်အတွက် ငါလျှော်ပစ်ခဲ့၏။
33. ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း အစေအပါးချင်းကို သနားသင့်သည်မဟုတ်လော’ဟု ဆို၏။
34. ဤသို့ဖြင့် သူ၏သခင်သည်အမျက်ထွက်ကာ အကြွေးရှိသမျှကို ပြန်ဆပ်သည့်တိုင်အောင် သူ့ကို အကျဉ်းချနှိပ်စက်သောသူတို့လက်သို့ အပ်လေ၏။
35. သင်တို့တစ်ဦးစီသည် မိမိညီအစ်ကိုကို စိတ်နှလုံးထဲမှခွင့်မလွှတ်လျှင်ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်သည်လည်း သင်တို့ကို ထိုနည်းတူပြုတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။