ရှင်​မဿဲ​ခ​ရစ်​ဝင် 18:26-35 Myanmar Standard Bible (MSB)

26. ထို​အ​ခါ ထို​အ​စေ​အ​ပါး​သည် ပျပ်​ဝပ်​လျက် သ​ခင်​ကို​ရှိ​ခိုး​ကာ ‘အ​ကျွန်ုပ်​ကို​သည်း​ခံ​တော်​မူ​ပါ။ အ​ကြွေး​ရှိ​သ​မျှ​ကို ပြန်​ဆပ်​ပါ​မည်’​ဟု တောင်း​လျှောက်​လေ​၏။

27. ထို​အ​စေ​အ​ပါး​၏​သ​ခင်​သည် ကြင်​နာ​စိတ်​ရှိ​၍ သူ့​ကို​လွှတ်​ပေး​ကာ သူ​၏​အ​ကြွေး​ကို လျှော်​ပစ်​လေ​၏။

28. သို့​သော် ထို​အ​စေ​အ​ပါး​သည် ထွက်​သွား​၍ သူ့​ထံ​၌ ဒေ​နာ​ရိ​တစ်​ရာ​အ​ကြွေး​တင်​သော အ​စေ​အ​ပါး​ချင်း​တစ်​ဦး​ကို​တွေ့​လျှင် သူ့​ကို​ဖမ်း​၍ လည်​ပင်း​ညှစ်​လျက် ‘သင်​ယူ​ထား​သော​အ​ကြွေး​ကို ပြန်​ဆပ်​လော့’​ဟု ဆို​၏။

29. ထို​အ​ခါ ထို​အ​စေ​အ​ပါး​ချင်း​သည် ပျပ်​ဝပ်​လျက် ‘အ​ကျွန်ုပ်​ကို​သည်း​ခံ​ပါ။ သင့်​အား အ​ကြွေး​ပြန်​ဆပ်​ပါ​မည်’​ဟု တောင်း​ပန်​လေ​၏။

30. သို့​သော် သူ​သည် လက်​မ​ခံ​ဘဲ သွား​၍ ထို​အ​စေ​အ​ပါး​ချင်း​အား သူ​ယူ​ထား​သော​အ​ကြွေး​ကို ပြန်​ဆပ်​သည့်​တိုင်​အောင် ထောင်​ထဲ​၌ ထည့်​ထား​လေ​၏။

31. အ​ခြား​သော​အ​စေ​အ​ပါး​ချင်း​များ​သည် ထို​အ​ဖြစ်​အ​ပျက်​ကို​မြင်​လျှင် အ​လွန်​စိတ်​မ​ကောင်း​ဖြစ်​ကာ သူ​တို့​၏​သ​ခင်​ထံ​သို့​သွား​၍ ဖြစ်​လေ​သ​မျှ​တို့​ကို လျှောက်​ထား​ကြ​၏။

32. ထို​အ​ခါ သ​ခင်​သည် ထို​အ​စေ​အ​ပါး​ကို​ခေါ်​၍ ‘ဆိုး​ညစ်​သော​အ​စေ​အ​ပါး၊ သင်​သည် ငါ့​ကို​တောင်း​ပန်​သော​ကြောင့် အ​ကြွေး​ရှိ​သ​မျှ​ကို သင့်​အ​တွက် ငါ​လျှော်​ပစ်​ခဲ့​၏။

33. ငါ​သည် သင့်​ကို​သ​နား​သ​ကဲ့​သို့ သင်​သည်​လည်း အ​စေ​အ​ပါး​ချင်း​ကို သ​နား​သင့်​သည်​မ​ဟုတ်​လော’​ဟု ဆို​၏။

34. ဤ​သို့​ဖြင့် သူ​၏​သ​ခင်​သည်​အ​မျက်​ထွက်​ကာ အ​ကြွေး​ရှိ​သ​မျှ​ကို ပြန်​ဆပ်​သည့်​တိုင်​အောင် သူ့​ကို အ​ကျဉ်း​ချ​နှိပ်​စက်​သော​သူ​တို့​လက်​သို့ အပ်​လေ​၏။

35. သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​ညီ​အစ်​ကို​ကို စိတ်​နှ​လုံး​ထဲ​မှ​ခွင့်​မ​လွှတ်​လျှင်​ကောင်း​ကင်​ဘုံ​ရှင် ငါ့​ခ​မည်း​တော်​သည်​လည်း သင်​တို့​ကို ထို​နည်း​တူ​ပြု​တော်​မူ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 18