ရှင်​မဿဲ​ခ​ရစ်​ဝင် 18:21-29 Myanmar Standard Bible (MSB)

21. ထို​အ​ခါ ပေ​တ​ရု​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား​သည့်​အ​ခါ သူ့​ကို အ​ကြိမ်​မည်​မျှ ခွင့်​လွှတ်​ရ​ပါ​မည်​နည်း။ ခု​နစ်​ကြိမ်​တိုင်​အောင်​လော”​ဟု မေး​လျှောက်​လေ​၏။

22. ယေ​ရှု​က​လည်း “ခု​နစ်​ကြိမ်​တိုင်​အောင်​ဟု ငါ​မ​ဆို​ဘဲ ခု​နစ်​ကြိမ်​ကို ခု​နစ်​ဆယ်​လီ​တိုင်​အောင်​ဟု ငါ​ဆို​၏။

23. ထို့​ကြောင့် ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​အ​စေ​အ​ပါး​တို့​နှင့်​စာ​ရင်း​ရှင်း​လို​သော ဘု​ရင်​တစ်​ပါး​နှင့်​တူ​၏။

24. သူ​သည် စာ​ရင်း​စ​တင်​ရှင်း​သော​အ​ခါ တာ​လန်​တစ်​သောင်း​အ​ကြွေး​တင်​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။

25. သို့​သော် ထို​သူ​၌ အ​ကြွေး​ဆပ်​စ​ရာ​မ​ရှိ​သော​ကြောင့် သူ​ကိုယ်​တိုင်​မှ​စ​၍ သား​မ​ယား​နှင့် သူ​ပိုင်​ဆိုင်​သော​အ​ရာ​အား​လုံး​တို့​ကို​ရောင်း​၍ အ​ကြွေး​ဆပ်​ရန် သူ့​သ​ခင်​သည် အ​မိန့်​ချ​လေ​၏။

26. ထို​အ​ခါ ထို​အ​စေ​အ​ပါး​သည် ပျပ်​ဝပ်​လျက် သ​ခင်​ကို​ရှိ​ခိုး​ကာ ‘အ​ကျွန်ုပ်​ကို​သည်း​ခံ​တော်​မူ​ပါ။ အ​ကြွေး​ရှိ​သ​မျှ​ကို ပြန်​ဆပ်​ပါ​မည်’​ဟု တောင်း​လျှောက်​လေ​၏။

27. ထို​အ​စေ​အ​ပါး​၏​သ​ခင်​သည် ကြင်​နာ​စိတ်​ရှိ​၍ သူ့​ကို​လွှတ်​ပေး​ကာ သူ​၏​အ​ကြွေး​ကို လျှော်​ပစ်​လေ​၏။

28. သို့​သော် ထို​အ​စေ​အ​ပါး​သည် ထွက်​သွား​၍ သူ့​ထံ​၌ ဒေ​နာ​ရိ​တစ်​ရာ​အ​ကြွေး​တင်​သော အ​စေ​အ​ပါး​ချင်း​တစ်​ဦး​ကို​တွေ့​လျှင် သူ့​ကို​ဖမ်း​၍ လည်​ပင်း​ညှစ်​လျက် ‘သင်​ယူ​ထား​သော​အ​ကြွေး​ကို ပြန်​ဆပ်​လော့’​ဟု ဆို​၏။

29. ထို​အ​ခါ ထို​အ​စေ​အ​ပါး​ချင်း​သည် ပျပ်​ဝပ်​လျက် ‘အ​ကျွန်ုပ်​ကို​သည်း​ခံ​ပါ။ သင့်​အား အ​ကြွေး​ပြန်​ဆပ်​ပါ​မည်’​ဟု တောင်း​ပန်​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 18