ရှင်​မဿဲ​ခ​ရစ်​ဝင် 18:1-4 Myanmar Standard Bible (MSB)

1. ထို​အ​ချိန်​တွင် တ​ပည့်​တော်​တို့​သည် ယေ​ရှု​ထံ​သို့​ချဉ်း​ကပ်​လာ​၍ “ကောင်း​ကင်​နိုင်​ငံ​တော်​တွင် မည်​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

2. ထို​အ​ခါ ကိုယ်​တော်​သည် သူ​ငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အ​လယ်​၌ ရပ်​စေ​ပြီး​လျှင်

3. “သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သင်​တို့​သည် ပြောင်း​လဲ​၍ က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မည်​သည့်​အ​ခါ​မျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။

4. ထို့​ကြောင့် ဤ​သူ​ငယ်​ကဲ့​သို့ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​ကြီး​မြတ်​ဆုံး​ဖြစ်​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 18