ပေတရုက “ပေးဆောင်ပါသည်”ဟု ဖြေပြီးမှ အိမ်ထဲသို့ဝင်လာရာ ယေရှုက “ရှိမုန်၊ သင်မည်သို့ထင်မြင်သနည်း။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် မည်သူ့ထံမှ အခွန်အကောက်များကို ကောက်ခံကြသနည်း။ မိမိတို့၏သားများထံမှလော သို့မဟုတ် သူတစ်ပါးတို့ထံမှလော”ဟု ပေတရုကို ဆီး၍မေးတော်မူ၏။