ရှင်​မဿဲ​ခ​ရစ်​ဝင် 17:17-27 Myanmar Standard Bible (MSB)

17. ယေ​ရှု​က​လည်း “အို ယုံ​ကြည်​ခြင်း​မ​ရှိ ဖောက်​ပြန်​လမ်း​လွဲ​သော​မျိုး​ဆက်၊ ငါ​သည် သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ သင်​တို့​ကို မည်​မျှ​ကြာ​အောင်​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

18. ထို့​နောက် ယေ​ရှု​သည် နတ်​ဆိုး​ကို​ဆုံး​မ​တော်​မူ​လျှင် နတ်​ဆိုး​သည် သူ​ငယ်​ထံ​မှ​ထွက်​သွား​သ​ဖြင့် သူ​ငယ်​သည် ထို​အ​ချိန်​မှ​စ​၍ ကျန်း​မာ​လာ​လေ​၏။

19. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် သူ​တို့​ချည်း​သာ​ယေ​ရှု​ထံ​သို့ ချဉ်း​ကပ်​လာ​၍ “အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ဆိုး​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

20. ကိုယ်​တော်​က​လည်း “သင်​တို့​၏​မ​ယုံ​ကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်​ညင်း​နက်​စေ့​ခန့်​မျှ ယုံ​ကြည်​ခြင်း​ရှိ​ပါ​က ဤ​တောင်​ကို ‘ဤ​နေ​ရာ​မှ ထို​နေ​ရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့​သွား​လိမ့်​မည်။ သင်​တို့​အ​တွက် မ​ဖြစ်​နိုင်​သော​အ​ရာ​လည်း တစ်​စုံ​တစ်​ခု​မျှ​ရှိ​မည်​မ​ဟုတ်။

21. [သို့​သော် ထို​နတ်​မျိုး​သည် ဆု​တောင်း​ခြင်း​နှင့်​အ​စာ​ရှောင်​ခြင်း​အား​ဖြင့်​မ​ဟုတ်​လျှင် မ​ထွက်​တတ်]”​ဟု မိန့်​တော်​မူ​၏။

22. သူ​တို့​သည် ဂါ​လိ​လဲ​နယ်​၌​စု​ရုံး​နေ​ကြ​စဉ် ယေ​ရှု​က “လူ့​သား​သည် လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ခံ​ရ​တော့​မည်။

23. လူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်​မည်။ ထို့​နောက် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​ရာ တ​ပည့်​တော်​တို့​သည် အ​လွန်​ဝမ်း​နည်း​ကြ​၏။

24. က​ပေ​ရ​နောင်​မြို့​သို့ သူ​တို့​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ဗိ​မာန်​တော်​ခွန်​ကောက်​ခံ​သော​သူ​တို့​သည် ပေ​တ​ရု​ထံ​သို့​လာ​၍ “သင်​တို့​၏​ဆ​ရာ​သည် ဗိ​မာန်​တော်​ခွန်​ကို ပေး​ဆောင်​ပါ​သ​လော”​ဟု မေး​ကြ​၏။

25. ပေ​တ​ရု​က “ပေး​ဆောင်​ပါ​သည်”​ဟု ဖြေ​ပြီး​မှ အိမ်​ထဲ​သို့​ဝင်​လာ​ရာ ယေ​ရှု​က “ရှိ​မုန်၊ သင်​မည်​သို့​ထင်​မြင်​သ​နည်း။ ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် မည်​သူ့​ထံ​မှ အ​ခွန်​အ​ကောက်​များ​ကို ကောက်​ခံ​ကြ​သ​နည်း။ မိ​မိ​တို့​၏​သား​များ​ထံ​မှ​လော သို့​မ​ဟုတ် သူ​တစ်​ပါး​တို့​ထံ​မှ​လော”​ဟု ပေ​တ​ရု​ကို ဆီး​၍​မေး​တော်​မူ​၏။

26. ပေ​တ​ရု​က​လည်း “သူ​တစ်​ပါး​တို့​ထံ​မှ​ကောက်​ခံ​ပါ​သည်”ဟု လျှောက်​သော် ယေ​ရှု​က “သို့​ဖြစ်​လျှင် သား​တို့​သည် ကင်း​လွတ်​ခွင့်​ရ​ကြ​၏။

27. သို့​သော် သူ​တို့​ကို​မ​မှား​ယွင်း​စေ​ရန် ပင်​လယ်​သို့​သွား​၍ ငါး​မျှား​လော့။ ပ​ထ​မ​ဦး​ဆုံး​မိ​သည့်​ငါး​ကို​ယူ​၍ ၎င်း​၏​ပါး​စပ်​ကို​ဖွင့်​လျှင် သ​တာ​တဲ​ငွေ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ၎င်း​ကို​ယူ​၍ ငါ​နှင့်​သင့်​အ​တွက် သူ​တို့​အား ပေး​ဆောင်​လော့”​ဟု မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 17