27. သို့သော် ယေရှုက “မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
28. ထိုအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်ဖြစ်သည်မှန်လျှင် ကိုယ်တော်ထံသို့ ရေပေါ်မှာလျှောက်လာရမည့်အကြောင်း အကျွန်ုပ်ကို အမိန့်ပေးတော်မူပါ”ဟု လျှောက်လေ၏။
29. ကိုယ်တော်ကလည်း “လာခဲ့လော့”ဟု မိန့်တော်မူရာ ပေတရုသည် လှေမှဆင်း၍ ရေပေါ်လမ်းလျှောက်လျက် ယေရှုထံသို့သွားလေ၏။
30. သို့သော် ပြင်းထန်သောလေကိုမြင်လျှင် ကြောက်၍ ရေနစ်စပြုသည်နှင့် “သခင်ဘုရား၊ အကျွန်ုပ်ကိုကယ်တော်မူပါ”ဟု အော်ဟစ်လေ၏။
31. ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ “ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်သနည်း”ဟု မိန့်တော်မူ၏။