ရှင်​မဿဲ​ခ​ရစ်​ဝင် 14:21-31 Myanmar Standard Bible (MSB)

21. စား​သော​သူ​တို့​မှာ အ​မျိုး​သ​မီး​များ​နှင့်​က​လေး​သူ​ငယ်​များ​မ​ပါ​ဘဲ ယောက်ျား​ငါး​ထောင်​ခန့်​ရှိ​၏။

22. ထို့​နောက် ကိုယ်​တော်​သည် ချက်​ချင်း​ပင် တ​ပည့်​တော်​တို့​ကို လှေ​ပေါ်​သို့​တက်​စေ​၍ တစ်​ဖက်​ကမ်း​သို့ မိ​မိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်​မူ​ပြီး တစ်​ချိန်​တည်း​မှာ​ပင် လူ​ထု​ပ​ရိ​သတ်​များ​ကို ပြန်​လွှတ်​တော်​မူ​၏။

23. လူ​ထု​ပ​ရိ​သတ်​များ​ကို ပြန်​လွှတ်​ပြီး​နောက် ကိုယ်​တော်​သည် ဆု​တောင်း​ရန် တောင်​ပေါ်​သို့ တစ်​ကိုယ်​တည်း​တက်​တော်​မူ​၏။ ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ထို​နေ​ရာ​၌ ကိုယ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။

24. ထို​စဉ် လှေ​သည် ကမ်း​မှ အ​တော်​ဝေး​ကွာ​နေ​ပြီး​လေ​ဆန်​ဖြစ်​သော​ကြောင့် လှိုင်း​များ​၏​ရိုက်​ခတ်​ခြင်း​ကို​ခံ​နေ​ရ​၏။

25. မိုး​သောက်​ယံ​အ​ချိန်​၌ ကိုယ်​တော်​သည် ပင်​လယ်​ပေါ်​တွင် လမ်း​လျှောက်​လျက် သူ​တို့​ထံ​သို့ ကြွ​တော်​မူ​၏။

26. တ​ပည့်​တော်​တို့​သည် ပင်​လယ်​ပေါ်​တွင် ကိုယ်​တော်​လမ်း​လျှောက်​နေ​သည်​ကို​မြင်​လျှင် တုန်​လှုပ်​ချောက်​ချား​၍ “တစ္ဆေ”​ဟု အ​လန့်​တ​ကြား​အော်​ဟစ်​ကြ​၏။

27. သို့​သော် ယေ​ရှု​က “မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု သူ​တို့​အား ချက်​ချင်း​မိန့်​တော်​မူ​၏။

28. ထို​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ဖြစ်​သည်​မှန်​လျှင် ကိုယ်​တော်​ထံ​သို့ ရေ​ပေါ်​မှာ​လျှောက်​လာ​ရ​မည့်​အ​ကြောင်း အ​ကျွန်ုပ်​ကို အ​မိန့်​ပေး​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

29. ကိုယ်​တော်​က​လည်း “လာ​ခဲ့​လော့”​ဟု မိန့်​တော်​မူ​ရာ ပေ​တ​ရု​သည် လှေ​မှ​ဆင်း​၍ ရေ​ပေါ်​လမ်း​လျှောက်​လျက် ယေ​ရှု​ထံ​သို့​သွား​လေ​၏။

30. သို့​သော် ပြင်း​ထန်​သော​လေ​ကို​မြင်​လျှင် ကြောက်​၍ ရေ​နစ်​စ​ပြု​သည်​နှင့် “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ကယ်​တော်​မူ​ပါ”​ဟု အော်​ဟစ်​လေ​၏။

31. ထို​အ​ခါ ယေ​ရှု​သည် ချက်​ချင်း​လက်​တော်​ကို​ဆန့်​၍ သူ့​ကို​ကိုင်​ဆွဲ​ကာ “ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် သံ​သ​ယ​ဖြစ်​သ​နည်း”​ဟု မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 14