ရှင်​မဿဲ​ခ​ရစ်​ဝင် 14:15-23 Myanmar Standard Bible (MSB)

15. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ “ဤ​နေ​ရာ​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​ပြီး အ​ချိန်​လည်း လွန်​နေ​ပါ​ပြီ။ လူ​ထု​ပ​ရိ​သတ်​တို့​သည် ကျေး​ရွာ​များ​သို့​သွား​၍ မိ​မိ​တို့​အ​တွက် စား​စ​ရာ​များ​ဝယ်​ယူ​နိုင်​ရန် သူ​တို့​ကို ပြန်​လွှတ်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

16. သို့​သော် ယေ​ရှု​က “သူ​တို့​သွား​ရန်​မ​လို။ သင်​တို့​ကိုယ်​တိုင် သူ​တို့​အား စား​စ​ရာ​ပေး​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

17. တ​ပည့်​တော်​တို့​က​လည်း “အ​ကျွန်ုပ်​တို့​တွင် ဤ​နေ​ရာ​၌ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး မည်​သည့်​အ​ရာ​မျှ​မ​ရှိ​ပါ”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

18. ကိုယ်​တော်​က​လည်း “၎င်း​တို့​ကို ငါ့​ထံ ဤ​နေ​ရာ​သို့​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

19. ထို့​နောက် လူ​ထု​ပ​ရိ​သတ်​တို့​ကို မြက်​ခင်း​ပေါ်​ထိုင်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၍ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ​လျက် မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကာ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း လူ​ထု​ပ​ရိ​သတ်​တို့​အား ဝေ​ပေး​ကြ​၏။

20. လူ​အ​ပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့​နောက် ကြွင်း​ကျန်​သော​မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို​ကောက်​သိမ်း​ကြ​ရာ တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။

21. စား​သော​သူ​တို့​မှာ အ​မျိုး​သ​မီး​များ​နှင့်​က​လေး​သူ​ငယ်​များ​မ​ပါ​ဘဲ ယောက်ျား​ငါး​ထောင်​ခန့်​ရှိ​၏။

22. ထို့​နောက် ကိုယ်​တော်​သည် ချက်​ချင်း​ပင် တ​ပည့်​တော်​တို့​ကို လှေ​ပေါ်​သို့​တက်​စေ​၍ တစ်​ဖက်​ကမ်း​သို့ မိ​မိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်​မူ​ပြီး တစ်​ချိန်​တည်း​မှာ​ပင် လူ​ထု​ပ​ရိ​သတ်​များ​ကို ပြန်​လွှတ်​တော်​မူ​၏။

23. လူ​ထု​ပ​ရိ​သတ်​များ​ကို ပြန်​လွှတ်​ပြီး​နောက် ကိုယ်​တော်​သည် ဆု​တောင်း​ရန် တောင်​ပေါ်​သို့ တစ်​ကိုယ်​တည်း​တက်​တော်​မူ​၏။ ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ထို​နေ​ရာ​၌ ကိုယ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 14