ရှင်​မဿဲ​ခ​ရစ်​ဝင် 14:12-18 Myanmar Standard Bible (MSB)

12. ထို​အ​ခါ ယော​ဟန်​၏​တ​ပည့်​တို့​သည်​လာ​၍ အ​လောင်း​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် သူ့​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။ ထို့​နောက် ယေ​ရှု​ထံ​လာ​၍ ကြား​လျှောက်​ကြ​၏။

13. ယေ​ရှု​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ ထို​အ​ရပ်​မှ လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ လှေ​ဖြင့် တစ်​ကိုယ်​တည်း​ကြွ​တော်​မူ​၏။ သို့​သော် လူ​ထု​ပ​ရိ​သတ်​များ​သည် ကြား​သိ​လျှင် မြို့​ရွာ​များ​မှ​ထွက်​၍ နောက်​တော်​သို့ ကုန်း​ကြောင်း​ဖြင့်​လိုက်​ကြ​၏။

14. ကိုယ်​တော်​သည် လှေ​မှ​ဆင်း​သော​အ​ခါ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​ကို​မြင်​လျှင် သူ​တို့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၍ မ​ကျန်း​မာ​သော​သူ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​၏။

15. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ “ဤ​နေ​ရာ​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​ပြီး အ​ချိန်​လည်း လွန်​နေ​ပါ​ပြီ။ လူ​ထု​ပ​ရိ​သတ်​တို့​သည် ကျေး​ရွာ​များ​သို့​သွား​၍ မိ​မိ​တို့​အ​တွက် စား​စ​ရာ​များ​ဝယ်​ယူ​နိုင်​ရန် သူ​တို့​ကို ပြန်​လွှတ်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

16. သို့​သော် ယေ​ရှု​က “သူ​တို့​သွား​ရန်​မ​လို။ သင်​တို့​ကိုယ်​တိုင် သူ​တို့​အား စား​စ​ရာ​ပေး​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

17. တ​ပည့်​တော်​တို့​က​လည်း “အ​ကျွန်ုပ်​တို့​တွင် ဤ​နေ​ရာ​၌ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး မည်​သည့်​အ​ရာ​မျှ​မ​ရှိ​ပါ”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

18. ကိုယ်​တော်​က​လည်း “၎င်း​တို့​ကို ငါ့​ထံ ဤ​နေ​ရာ​သို့​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 14