1. ထိုအချိန်တွင် နယ်စားဟေရုဒ်သည် ယေရှု၏သတင်းတော်ကိုကြား၍
2. သူ၏ငယ်သားတို့အား “ဤသူသည် ဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သူသည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုလေ၏။
3. အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။
4. အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။
5. ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။