ရှင်​မဿဲ​ခ​ရစ်​ဝင် 14:1-11 Myanmar Standard Bible (MSB)

1. ထို​အ​ချိန်​တွင် နယ်​စား​ဟေ​ရုဒ်​သည် ယေ​ရှု​၏​သ​တင်း​တော်​ကို​ကြား​၍

2. သူ​၏​ငယ်​သား​တို့​အား “ဤ​သူ​သည် ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သူ​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လေ​ပြီ။ ထို့​ကြောင့် သူ​၌​တန်​ခိုး​လက္ခ​ဏာ​များ​ထင်​ရှား​နေ​၏”​ဟု ဆို​လေ​၏။

3. အ​ကြောင်း​မူ​ကား ဟေ​ရုဒ်​သည် မိ​မိ​အစ်​ကို ဖိ​လိပ္ပု​၏​ဇ​နီး ဟေ​ရော​ဒိ​ကိစ္စ​ကြောင့် ယော​ဟန်​ကို ဖမ်း​ဆီး​ချုပ်​နှောင်​၍ ထောင်​ထဲ​၌​ချ​ထား​ခဲ့​၏။

4. အ​ဘယ်​ကြောင့်​ဆို​သော် ယော​ဟန်​က “သင်​သည် ထို​အ​မျိုး​သ​မီး​ကို သိမ်း​ယူ​ခြင်း​မှာ တ​ရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ဟေ​ရုဒ်​အား ပြော​ခဲ့​သော​ကြောင့်​ဖြစ်​၏။

5. ဟေ​ရုဒ်​သည် ယော​ဟန်​ကို​သတ်​လို​သော်​လည်း လူ​ထု​ကို​ကြောက်​လေ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​တစ်​ပါး​အ​ဖြစ် မှတ်​ယူ​ကြ​၏။

6. သို့​သော် ဟေ​ရုဒ်​၏​မွေး​နေ့​ရောက်​လာ​သော​အ​ခါ ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေ​ရုဒ်​ကို နှစ်​သက်​စေ​၏။

7. ထို့​ကြောင့် ဟေ​ရုဒ်​သည် သင်​တောင်း​သ​မျှ​ကို​ပေး​မည်​ဟု သူ့​အား က​တိ​သစ္စာ​ပြု​လေ​၏။

8. ထို​အ​ခါ​မိန်း​က​လေး​သည် မိ​ခင်​၏​တိုက်​တွန်း​ချက်​အ​ရ “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို ဤ​လင်​ပန်း​ပေါ်​တင်​၍ ကျွန်​မ​အား​ပေး​ပါ”​ဟု တောင်း​ဆို​လေ​၏။

9. မင်း​ကြီး​သည် စိတ်​မ​ကောင်း​ဖြစ်​သော်​လည်း ပြု​ထား​သော​က​တိ​သစ္စာ​ကို​လည်း​ကောင်း၊ မိ​မိ​နှင့်​အ​တူ​စား​သောက်​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်​၍ ပေး​လိုက်​ရန် အ​မိန့်​ပေး​ကာ

10. လူ​ကို​စေ​လွှတ်​ပြီး ယော​ဟန်​၏​ဦး​ခေါင်း​ကို ထောင်​ထဲ​၌ ဖြတ်​စေ​၏။

11. ထို့​နောက် ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တင်​၍ ယူ​လာ​ကာ မိန်း​က​လေး​အား​ပေး​လေ​သော် သူ​သည် မိ​မိ​၏​မိ​ခင်​ထံ​သို့ ယူ​ဆောင်​သွား​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 14