ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 9:1-3 Myanmar Standard Bible (MSB)

1. သန့်​ရှင်း​သူ​တို့​ကို​ထောက်​ပံ့​ခြင်း​အ​မှု​နှင့်​ပတ်​သက်​၍ ငါ​သည် သင်​တို့​ထံ​သို့ အ​ထူး​ရေး​သား​ရန်​မ​လို​အပ်​ပေ။

2. အ​ကြောင်း​မူ​ကား သင်​တို့​၏​စေ​တ​နာ​စိတ်​ကို ငါ​သိ​၏။ ထို​စေ​တ​နာ​စိတ်​အ​တွက် ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​အား “အ​ခါ​ယ​ပြည်​သည် လွန်​ခဲ့​သော​နှစ်​က​တည်း​က​ပင် အ​သင့်​ပြင်​ဆင်​ထား​ပြီ”​ဟု သင်​တို့​အ​ကြောင်း​ကို​ဝါ​ကြွား​ထား​၏။ ထို​အ​ခါ သင်​တို့​၏​စိတ်​အား​ထက်​သန်​မှု​သည် များ​စွာ​သော​သူ​တို့​ကို နှိုး​ဆော်​ပေး​၏။

3. ထို့​ကြောင့် ဤ​ထောက်​ပံ့​ခြင်း​အ​မှု​နှင့်​ပတ်​သက်​၍ သင်​တို့​အ​ကြောင်း ငါ​တို့​ဝါ​ကြွား​ထား​သော​အ​ရာ​သည် အ​ချည်း​နှီး​မ​ဖြစ်​ဘဲ ငါ​ပြော​ထား​သည့်​အ​တိုင်း သင်​တို့​သည် အ​သင့်​ပြင်​ဆင်​ထား​ကြ​မည့်​အ​ကြောင်း ညီ​အစ်​ကို​များ​ကို ငါ​စေ​လွှတ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 9