ဧ​ဖက်​ဩ​ဝါ​ဒ​စာ 6:9-12 Myanmar Standard Bible (MSB)

9. သ​ခင်​တို့၊ သင်​တို့​သည်​လည်း ကျွန်​များ​အ​ပေါ် ထို​နည်း​တူ​ပြု​ကြ​လော့။ သူ​တို့​ကို​မ​ခြိမ်း​ခြောက်​ကြ​နှင့်။ သင်​တို့​နှင့်​သူ​တို့​၏​သ​ခင်​သည် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​၍ ထို​သ​ခင်​သည် မျက်​နှာ​လိုက်​ခြင်း​မ​ရှိ​ကြောင်း သိ​မှတ်​ကြ​လော့။

10. နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် သ​ခင်​ဘု​ရား​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​စွမ်း​သတ္တိ​နှင့်​ဆိုင်​သော တန်​ခိုး​အ​ရှိန်​အ​ဝါ​၌​လည်း​ကောင်း ခွန်​အား​နှင့်​ပြည့်​စုံ​ကြ​လော့။

11. သင်​တို့​သည် မာရ်​နတ်​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို ခု​ခံ​တား​ဆီး​နိုင်​ရန် ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို ဆောင်​ယူ​ဝတ်​ဆင်​ကြ​လော့။

12. အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော​သူ​ကို ရင်​ဆိုင်​တိုက်​ခိုက်​နေ​ကြ​သည်​မ​ဟုတ်။ အုပ်​ချုပ်​မှု​များ၊ အာ​ဏာ​စက်​များ၊ ဤ​လော​ကီ​မှောင်​မိုက်​ခြင်း​ကို အ​စိုး​တ​ရ​ပြု​သော​မင်း​များ၊ အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သည့် ဆိုး​ညစ်​သော​ဝိ​ညာဉ်​တန်​ခိုး​များ​နှင့် ရင်​ဆိုင်​တိုက်​ခိုက်​နေ​ကြ​ခြင်း​ဖြစ်​၏။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 6