2-3. သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ ဤသည်ကား “ထိုသို့ပြုလျှင် သင်သည် ကမ္ဘာမြေပေါ်၌ ကောင်းစားလျက် အသက်ရှည်ရလိမ့်မည်”ဟူသောကတိတော်ပါသည့် ပထမပညတ်ချက်ဖြစ်၏။
4. ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
5. ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။
6. မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ခရစ်တော်၏ကျွန်များကဲ့သို့ စိတ်နှလုံးပါလျက် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ကာ
7. လူတို့ကိုမဟုတ်ဘဲ သခင်ဘုရားကိုအစေခံသကဲ့သို့ စေတနာစိတ်ဖြင့် အစေခံကြလော့။