9. (တက်သွားတော်မူသောအခါဟုဆိုရာတွင် မြေကြီးအောက်အရပ်များသို့လည်း ကြွဆင်းတော်မူခဲ့ကြောင်းကို ဆိုလိုခြင်းမဟုတ်လျှင် မည်သည့်အရာဖြစ်ဦးမည်နည်း။
10. ကြွဆင်းတော်မူခဲ့သောအရှင်ကိုယ်တိုင်သည် အရာခပ်သိမ်းတို့ကို ပြည့်စုံစေရန် ကောင်းကင်အထပ်ထပ်တို့အပေါ်သို့ တက်သွားတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။)
11. ထို့နောက် ကိုယ်တော်သည် အချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ကောင်းမြတ်သောသတင်းဟောပြောသူအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာနှင့်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။
14. ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ
15. ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားကိုဟောပြောလျက် ဦးခေါင်းဖြစ်တော်မူသောခရစ်တော်၌ အရာရာတွင် ကြီးထွားကြမည်ဖြစ်၏။
16. ထိုဦးခေါင်းမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ထောက်မပေးသောအဆစ်ရှိသမျှတို့ဖြင့် အံဝင်ခွင်ကျဆက်စပ်ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရလျက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်ကာ ကိုယ်ခန္ဓာကိုကြီးထွားစေ၏။
17. ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။
18. ထိုသူတို့သည် မိမိတို့စိတ်နှလုံးမာကျောမှုနှင့် သူတို့ထဲ၌ရှိသည့် မသိနားမလည်မှုတို့ကြောင့် အသိဉာဏ်အမှောင်ဖုံး၍ ဘုရားသခင်၏အသက်နှင့်ကင်းကွာလျက်ရှိကြ၏။
19. သူတို့သည် ရှက်ကြောက်စိတ်ကင်းမဲ့လျက် ညစ်ညူးသောအရာအမျိုးမျိုးတို့ကို အလွန်တပ်မက်သောစိတ်နှင့်ပြုမူ၍ မိမိတို့ကိုယ်ကို ကာမဂုဏ်လိုက်စားခြင်းလက်သို့ အပ်လိုက်ကြ၏။
22. သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍
23. သင်တို့၏စိတ်နှလုံးသဘော အသစ်ပြုပြင်ခြင်းခံရကာ