ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:30-32 Myanmar Standard Bible (MSB)

30. ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေး​နုတ်​ခြင်း​နေ့​ရက်​အ​တွက် ထို​ဝိ​ညာဉ်​တော်​ဖြင့် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။

31. ခပ်​သိမ်း​သော​ခါး​သီး​နာ​ကြည်း​ခြင်း၊ ဒေါ​သ​ကြီး​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငမ်း​ခြင်း​နှင့် စော်​ကား​ပြော​ဆို​ခြင်း​တို့​ကို မ​ကောင်း​မှု​အ​လုံး​စုံ​နှင့်​အ​တူ သင်​တို့​ထံ​မှ ဖယ်​ရှား​ကြ​လော့။

32. အ​ချင်း​ချင်း​ကျေး​ဇူး​ပြု​လျက် သ​နား​စုံ​မက်​ကြ​ကာ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​၌ သင်​တို့​ကို​ခွင့်​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ချင်း​ချင်း​ခွင့်​လွှတ်​ကြ​လော့။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4