3. ငြိမ်သက်ခြင်း၏စုစည်းနှောင်ဖွဲ့မှုအားဖြင့် ဝိညာဉ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို ကြိုးစားထိန်းသိမ်းကြလော့။
4. သင်တို့ကိုခေါ်ယူတော်မူသောအခါ တစ်ပါးတည်းသောမျှော်လင့်ခြင်းသို့ ခေါ်ယူတော်မူသကဲ့သို့ ကိုယ်ခန္ဓာတစ်ပါးတည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိ၏။
5. သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်းရှိ၏။
6. အရာခပ်သိမ်းတို့အပေါ်၌လည်းကောင်း၊ အရာခပ်သိမ်းတို့၌ပျံ့နှံ့လျက်လည်းကောင်း၊ အရာခပ်သိမ်းတို့အထဲ၌လည်းကောင်း ရှိတော်မူ၍ အရာခပ်သိမ်းတို့၏အဖဖြစ်တော်မူသော ဘုရားသခင်သည် တစ်ဆူတည်းရှိတော်မူ၏။
7. သို့သော် ငါတို့တစ်ဦးစီသည် ခရစ်တော်ပေးတော်မူသော ကောင်းချီးလက်ဆောင်၏ပမာဏအတိုင်း ကျေးဇူးတော်ကိုခံစားရကြ၏။
8. ထို့ကြောင့် “ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ ချုပ်နှောင်ထားသောသူကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့အား လက်ဆောင်များကိုပေးတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။
9. (တက်သွားတော်မူသောအခါဟုဆိုရာတွင် မြေကြီးအောက်အရပ်များသို့လည်း ကြွဆင်းတော်မူခဲ့ကြောင်းကို ဆိုလိုခြင်းမဟုတ်လျှင် မည်သည့်အရာဖြစ်ဦးမည်နည်း။
20-21. သို့သော် သမ္မာတရားသည် ယေရှု၌ရှိသည်နှင့်အညီ သင်တို့သည် ခရစ်တော်အကြောင်းကိုကြားနာလျက် ကိုယ်တော်၌ သွန်သင်ခြင်းကိုခံယူခဲ့သည်မှန်လျှင် ခရစ်တော်၌ ထိုသို့နည်းခံခဲ့ကြသည်မဟုတ်။
22. သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍
23. သင်တို့၏စိတ်နှလုံးသဘော အသစ်ပြုပြင်ခြင်းခံရကာ
24. သမ္မာတရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ဖြင့် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသောလူသစ်ကိုဝတ်ဆင်ရန် နည်းခံခဲ့ကြ၏။
25. ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
26. အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ အမျက်မပြေဘဲ နေမဝင်စေကြနှင့်။
27. မာရ်နတ်ကိုလည်း အခွင့်မပေးကြနှင့်။
28. ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
29. သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းကိုမျှ မထွက်စေနှင့်။ ကြားရသောသူတို့ကို ကျေးဇူးပြုနိုင်ရန် လိုအပ်ချက်နှင့်အညီ တည်ဆောက်စရာဖြစ်စေသည့် ကောင်းသောစကားတို့ကိုသာ ပြောဆိုကြလော့။
30. ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။ သင်တို့သည် ရွေးနုတ်ခြင်းနေ့ရက်အတွက် ထိုဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
31. ခပ်သိမ်းသောခါးသီးနာကြည်းခြင်း၊ ဒေါသကြီးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနှင့် စော်ကားပြောဆိုခြင်းတို့ကို မကောင်းမှုအလုံးစုံနှင့်အတူ သင်တို့ထံမှ ဖယ်ရှားကြလော့။
32. အချင်းချင်းကျေးဇူးပြုလျက် သနားစုံမက်ကြကာ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ အချင်းချင်းခွင့်လွှတ်ကြလော့။