ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:12-13-26 Myanmar Standard Bible (MSB)

2. အ​ရာ​ရာ​၌ စိတ်​နှိမ့်​ချ​ခြင်း​နှင့်​နူး​ညံ့​သိမ်​မွေ့​ခြင်း​အ​ပြည့်​အ​ဝ​ရှိ​လျက် စိတ်​ရှည်​စွာ​ဖြင့် ချစ်​ခြင်း​မေတ္တာ​၌ တစ်​ဦး​ကို​တစ်​ဦး​သည်း​ခံ​ကာ

3. ငြိမ်​သက်​ခြင်း​၏​စု​စည်း​နှောင်​ဖွဲ့​မှု​အား​ဖြင့် ဝိ​ညာဉ်​တော်​၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကို ကြိုး​စား​ထိန်း​သိမ်း​ကြ​လော့။

4. သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ခါ တစ်​ပါး​တည်း​သော​မျှော်​လင့်​ခြင်း​သို့ ခေါ်​ယူ​တော်​မူ​သ​ကဲ့​သို့ ကိုယ်​ခန္ဓာ​တစ်​ပါး​တည်း၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။

5. သ​ခင်​တစ်​ပါး​တည်း၊ ယုံ​ကြည်​ခြင်း​တစ်​ပါး​တည်း၊ ဗတ္တိ​ဇံ​တစ်​ပါး​တည်း​ရှိ​၏။

6. အ​ရာ​ခပ်​သိမ်း​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ အ​ရာ​ခပ်​သိမ်း​တို့​၌​ပျံ့​နှံ့​လျက်​လည်း​ကောင်း၊ အ​ရာ​ခပ်​သိမ်း​တို့​အ​ထဲ​၌​လည်း​ကောင်း ရှိ​တော်​မူ​၍ အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။

7. သို့​သော် ငါ​တို့​တစ်​ဦး​စီ​သည် ခ​ရစ်​တော်​ပေး​တော်​မူ​သော ကောင်း​ချီး​လက်​ဆောင်​၏​ပ​မာ​ဏ​အ​တိုင်း ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​၏။

8. ထို့​ကြောင့် “ကိုယ်​တော်​သည် မြင့်​သော​အ​ရပ်​သို့ တက်​သွား​တော်​မူ​သော​အ​ခါ ချုပ်​နှောင်​ထား​သော​သူ​ကို ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၍ လူ​တို့​အား လက်​ဆောင်​များ​ကို​ပေး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ဆို​ထား​၏။

9. (တက်​သွား​တော်​မူ​သော​အ​ခါ​ဟု​ဆို​ရာ​တွင် မြေ​ကြီး​အောက်​အ​ရပ်​များ​သို့​လည်း ကြွ​ဆင်း​တော်​မူ​ခဲ့​ကြောင်း​ကို ဆို​လို​ခြင်း​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ဖြစ်​ဦး​မည်​နည်း။

12-13. ဤ​သည်​ကား ငါ​တို့​အား​လုံး​သည် ယုံ​ကြည်​ခြင်း​နှင့် ဘု​ရား​သ​ခင်​၏​သား​တော်​ကို​သိ​ခြင်း​တို့​၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် စုံ​လင်​ရင့်​ကျက်​သော​သူ​ဖြစ်​ကာ ခ​ရစ်​တော်​၏​ပြည့်​စုံ​ခြင်း​အ​တိုင်း​အ​တာ​ပ​မာ​ဏ​သို့​ရောက်​သည့်​တိုင်​အောင် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​တော်​ကို​တည်​ဆောက်​သ​ဖြင့် အ​မှု​တော်​လုပ်​ငန်း​အ​တွက် သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ထား​ရန်​ဖြစ်​၏။

14. ဤ​သို့​ဖြင့် ငါ​တို့​သည် လူ​တို့​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​နှင့် ပ​ရိ​ယာယ်​ဖြင့်​လှည့်​ဖြား​တတ်​သည့်​လျှို့​ဝှက်​အ​ကြံ​အ​စည်​တို့​ကြောင့် ဖြစ်​ပေါ်​လာ​သည့်​သြ​ဝါ​ဒ​လေ​အ​မျိုး​မျိုး​၌ လွင့်​ပါ​၍​လူး​လွန့်​နေ​သော က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဟုတ်​တော့​ဘဲ

15. ချစ်​ခြင်း​မေတ္တာ​ဖြင့် သမ္မာ​တ​ရား​ကို​ဟော​ပြော​လျက် ဦး​ခေါင်း​ဖြစ်​တော်​မူ​သော​ခ​ရစ်​တော်​၌ အ​ရာ​ရာ​တွင် ကြီး​ထွား​ကြ​မည်​ဖြစ်​၏။

16. ထို​ဦး​ခေါင်း​မှ​တစ်​ဆင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် ထောက်​မ​ပေး​သော​အ​ဆစ်​ရှိ​သ​မျှ​တို့​ဖြင့် အံ​ဝင်​ခွင်​ကျ​ဆက်​စပ်​ခြင်း​နှင့် ပေါင်း​စည်း​ခြင်း​ကို​ခံ​ရ​လျက် အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​စီ​သည် မိ​မိ​အ​ငန်း​အ​တာ​အ​လိုက် လုပ်​ဆောင်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို ချစ်​ခြင်း​မေတ္တာ​၌​တည်​ဆောက်​ကာ ကိုယ်​ခန္ဓာ​ကို​ကြီး​ထွား​စေ​၏။

17. ထို့​ကြောင့် လူ​မျိုး​ခြား​တို့​သည် သူ​တို့​၏​အ​နှစ်​သာ​ရ​ကင်း​မဲ့​သော​စိတ်​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​သ​ကဲ့​သို့ သင်​တို့​သည် နောက်​ထပ် အ​သက်​ရှင်​လျှောက်​လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သ​ခင်​ဘု​ရား​၌ ငါ​သ​တိ​ပေး​လို​၏။

18. ထို​သူ​တို့​သည် မိ​မိ​တို့​စိတ်​နှ​လုံး​မာ​ကျော​မှု​နှင့် သူ​တို့​ထဲ​၌​ရှိ​သည့် မ​သိ​နား​မ​လည်​မှု​တို့​ကြောင့် အ​သိ​ဉာဏ်​အ​မှောင်​ဖုံး​၍ ဘု​ရား​သ​ခင်​၏​အ​သက်​နှင့်​ကင်း​ကွာ​လျက်​ရှိ​ကြ​၏။

19. သူ​တို့​သည် ရှက်​ကြောက်​စိတ်​ကင်း​မဲ့​လျက် ညစ်​ညူး​သော​အ​ရာ​အ​မျိုး​မျိုး​တို့​ကို အ​လွန်​တပ်​မက်​သော​စိတ်​နှင့်​ပြု​မူ​၍ မိ​မိ​တို့​ကိုယ်​ကို ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​လက်​သို့ အပ်​လိုက်​ကြ​၏။

20-21. သို့​သော် သမ္မာ​တ​ရား​သည် ယေ​ရှု​၌​ရှိ​သည်​နှင့်​အ​ညီ သင်​တို့​သည် ခ​ရစ်​တော်​အ​ကြောင်း​ကို​ကြား​နာ​လျက် ကိုယ်​တော်​၌ သွန်​သင်​ခြင်း​ကို​ခံ​ယူ​ခဲ့​သည်​မှန်​လျှင် ခ​ရစ်​တော်​၌ ထို​သို့​နည်း​ခံ​ခဲ့​ကြ​သည်​မ​ဟုတ်။

22. သင်​တို့​သည် လှည့်​ဖြား​တတ်​သော​တပ်​မက်​ခြင်း​များ​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်း​ဟူ​သော ယ​ခင်​က အ​သက်​ရှင်​နေ​ထိုင်​မှု​ကို ချွတ်​ပယ်​၍

23. သင်​တို့​၏​စိတ်​နှ​လုံး​သ​ဘော အ​သစ်​ပြု​ပြင်​ခြင်း​ခံ​ရ​ကာ

24. သမ္မာ​တ​ရား​နှင့်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​နှင့်​သန့်​ရှင်း​ခြင်း​တို့​ဖြင့် ဘု​ရား​သ​ခင်​၏​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​ခြင်း​ခံ​ရ​သော​လူ​သစ်​ကို​ဝတ်​ဆင်​ရန် နည်း​ခံ​ခဲ့​ကြ​၏။

25. ထို့​ကြောင့် မု​သား​စ​ကား​ကို​ဖယ်​ရှား​၍ သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​ဝန်း​ကျင်​၌​ရှိ​သော​သူ​အား မှန်​သော​စ​ကား​ကို​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား ငါ​တို့​သည် တစ်​ဦး​နှင့်​တစ်​ဦး ကိုယ်အင်္ဂါ​ချင်း​များ​ဖြစ်​ကြ​၏။

26. အ​မျက်​ထွက်​သော်​လည်း အ​ပြစ်​မ​ပြု​ကြ​နှင့်။ အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4