19. အသိပညာထက် ထူးကဲသောခရစ်တော်၏ချစ်ခြင်းမေတ္တာတော်ကိုသိရှိ၍ ဘုရားသခင်၏ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်စုံခြင်းသို့ရောက်ကြမည့်အကြောင်း ငါဆုတောင်း၏။
20. ငါတို့ထဲ၌ သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက် သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌
21. အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ခေတ်ကာလအဆက်ဆက် ထာဝစဉ်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။