ဧ​ဖက်​ဩ​ဝါ​ဒ​စာ 3:16-21 Myanmar Standard Bible (MSB)

16. ဘု​ရား​သ​ခင်​သည် မိ​မိ​ဘုန်း​အ​သ​ရေ​တော်​၏​ကြွယ်​ဝ​မှု​နှင့်​အ​ညီ မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့​၏​အ​တွင်း​ဝိ​ညာဉ်​လူ​ကို တန်​ခိုး​နှင့်​တ​ကွ ကြံ့​ခိုင်​သန်​စွမ်း​စေ​တော်​မူ​၍

17. ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​စိတ်​နှ​လုံး​ထဲ​၌ ခ​ရစ်​တော်​သည် ကိန်း​ဝပ်​တော်​မူ​မည့်​အ​ကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အ​မြစ်​တွယ်​၍​အုတ်​မြစ်​ချ​ထား​ကာ

18. ထို​မေတ္တာ​တော်​၏​အ​လျား၊ အ​နံ၊ အ​မြင့်၊ အ​နက်​တို့ မည်​မျှ​ရှိ​သည်​ကို သန့်​ရှင်း​သူ​အား​လုံး​နှင့်​အ​တူ သ​ဘော​ပေါက်​နိုင်​စွမ်း​ရှိ​သ​ဖြင့်

19. အ​သိ​ပ​ညာ​ထက် ထူး​ကဲ​သော​ခ​ရစ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို​သိ​ရှိ​၍ ဘု​ရား​သ​ခင်​၏​ပြည့်​စုံ​တော်​မူ​ခြင်း​အ​ပေါင်း​တို့​ဖြင့် ပြည့်​စုံ​ခြင်း​သို့​ရောက်​ကြ​မည့်​အ​ကြောင်း ငါ​ဆု​တောင်း​၏။

20. ငါ​တို့​ထဲ​၌ သက်​ဝင်​လှုပ်​ရှား​နေ​သော​တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက်​သော​အ​ရာ သို့​မ​ဟုတ် ဆင်​ခြင်​သော​အ​ရာ​အား​လုံး​တို့​ထက် သာ​လွန်​ထူး​ခြား​စွာ​ပြု​နိုင်​သော​အ​ရှင်​၌

21. အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ခေတ်​ကာ​လ​အ​ဆက်​ဆက် ထာ​ဝ​စဉ်​ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 3