ဧ​ဖက်​ဩ​ဝါ​ဒ​စာ 3:12-18 Myanmar Standard Bible (MSB)

12. ထို​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ရဲ​ရင့်​ခြင်း​ကို​လည်း​ကောင်း၊ ယုံ​ကြည်​စိတ်​ချ​စွာ​ဖြင့် အ​ထံ​တော်​သို့​တိုး​ဝင်​ခွင့်​ကို​လည်း​ကောင်း ကိုယ်​တော်​၌ ငါ​တို့​ရ​ရှိ​ကြ​၏။

13. သို့​ဖြစ်​၍ သင်​တို့​အ​တွက် ငါ​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ကြ​ရန် ငါ​တောင်း​ပန်​၏။ ထို​အ​ရာ​များ​သည် သင်​တို့​၏​ဂုဏ်​သ​ရေ​ဖြစ်​၏။

14-15. ဤ​အ​ကြောင်း​ကြောင့် ငါ​သည် ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း ရှိ​သ​မျှ​သော​မိ​သား​စု​တို့​အ​မည်​နာ​မ​ခံ​ယူ​ရ​ရှိ​ရာ​ဖြစ်​တော်​မူ​သော အ​ဖ​ခ​မည်း​တော်​ထံ ဒူး​ထောက်​လျက်

16. ဘု​ရား​သ​ခင်​သည် မိ​မိ​ဘုန်း​အ​သ​ရေ​တော်​၏​ကြွယ်​ဝ​မှု​နှင့်​အ​ညီ မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့​၏​အ​တွင်း​ဝိ​ညာဉ်​လူ​ကို တန်​ခိုး​နှင့်​တ​ကွ ကြံ့​ခိုင်​သန်​စွမ်း​စေ​တော်​မူ​၍

17. ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​စိတ်​နှ​လုံး​ထဲ​၌ ခ​ရစ်​တော်​သည် ကိန်း​ဝပ်​တော်​မူ​မည့်​အ​ကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အ​မြစ်​တွယ်​၍​အုတ်​မြစ်​ချ​ထား​ကာ

18. ထို​မေတ္တာ​တော်​၏​အ​လျား၊ အ​နံ၊ အ​မြင့်၊ အ​နက်​တို့ မည်​မျှ​ရှိ​သည်​ကို သန့်​ရှင်း​သူ​အား​လုံး​နှင့်​အ​တူ သ​ဘော​ပေါက်​နိုင်​စွမ်း​ရှိ​သ​ဖြင့်

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 3