ဧ​ဖက်​ဩ​ဝါ​ဒ​စာ 3:1-7 Myanmar Standard Bible (MSB)

1. ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် သင်​တို့​လူ​မျိုး​ခြား​များ​အ​တွက် ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​အ​ကျဉ်း​သား​ဖြစ်​၏။

2. သင်​တို့​အ​တွက် ငါ့​အား​ပေး​အပ်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သည့် စီ​မံ​ခန့်​ခွဲ​မှု​ကို သင်​တို့​ကြား​သိ​ကြ​သည်​ဟု ငါ​ယူ​ဆ​၏။

3. အ​ထက်​က အ​ကျဉ်း​မျှ ငါ​ရေး​ထား​သည့်​အ​တိုင်း ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ဗျာ​ဒိတ်​တော်​အား​ဖြင့် ငါ့​အား​သိ​စေ​တော်​မူ​၏။

4. ၎င်း​ကို​ဖတ်​လျှင် ခ​ရစ်​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​အား ငါ​မည်​သို့​တတ်​သိ​နား​လည်​ထား​သည်​ကို သင်​တို့​သိ​နိုင်​ကြ​၏။

5. ဘု​ရား​သ​ခင်​သည် ထို​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို မိ​မိ​၏​သန့်​ရှင်း​သော​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား ဝိ​ညာဉ်​တော်​အား​ဖြင့် ယ​ခု​ဖွင့်​ပြ​တော်​မူ​သ​ကဲ့​သို့ အ​ခြား​သော​ခေတ်​ကာ​လ​များ​၌ လူ​သား​တို့​အား သိ​စေ​တော်​မ​မူ​ခဲ့​ပေ။

6. ထို​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​မှာ လူ​မျိုး​ခြား​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၌ အ​တူ​တ​ကွ​အ​မွေ​ဆက်​ခံ​သူ​များ၊ တစ်​ခု​တည်း​သော​ကိုယ်​ခန္ဓာ​၏​အင်္ဂါ​များ​နှင့် က​တိ​တော်​ကို အ​တူ​တ​ကွ​ခံ​စား​ရ​သူ​များ​ဖြစ်​ကြ​ခြင်း​တို့​ဖြစ်​၏။

7. ဘု​ရား​သ​ခင်​သည် မိ​မိ​တန်​ခိုး​တော်​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ငါ့​အား​ပေး​အပ်​ထား​သော ကျေး​ဇူး​တော်​ဆိုင်​ရာ ကောင်း​ချီး​လက်​ဆောင်​နှင့်​အ​ညီ ငါ​သည် ထို​ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သော အ​မှု​တော်​ဆောင်​ဖြစ်​လာ​၏။

10-11. ဤ​သည်​ကား ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌ ပြီး​ပြည့်​စုံ​သော​ထာ​ဝ​ရ​အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သော အာ​ဏာ​စက်​များ​နှင့်​အုပ်​ချုပ်​မှု​များ​အား ယ​ခု​အ​ခါ​တွင် အ​သင်း​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မျိုး​မျိုး​အ​ဖုံ​ဖုံ​သော​ဉာဏ်​ပ​ညာ​တော်​ကို သိ​စေ​ရန်​ဖြစ်​၏။

14-15. ဤ​အ​ကြောင်း​ကြောင့် ငါ​သည် ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း ရှိ​သ​မျှ​သော​မိ​သား​စု​တို့​အ​မည်​နာ​မ​ခံ​ယူ​ရ​ရှိ​ရာ​ဖြစ်​တော်​မူ​သော အ​ဖ​ခ​မည်း​တော်​ထံ ဒူး​ထောက်​လျက်

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 3