9. ခရစ်တော်၌ကြံရွယ်ထားသည့် အလိုတော်၏လျှို့ဝှက်နက်နဲသောအရာကို မိမိစေတနာတော်အတိုင်း ငါတို့အားသိစေတော်မူ၏။
10. ထိုနက်နဲသောအရာဟူမူကား အချိန်အခါများပြည့်စုံသောအခါ ကောင်းကင်ဘုံ၌ရှိသောအရာများဖြစ်စေ၊ မြေကြီးပေါ်၌ရှိသောအရာများဖြစ်စေ၊ အရာခပ်သိမ်းတို့ကို ခရစ်တော်၌ပေါင်းစည်းစေရန် စီမံခန့်ခွဲတော်မူခြင်းဖြစ်၏။
11. ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။
12. ဤသည်ကား ခရစ်တော်၌ ဦးစွာမျှော်လင့်ထားသောငါတို့သည် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြမည့်အကြောင်းတည်း။
13. သင်တို့သည်လည်း သင်တို့၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို ထိုသခင်၌ကြားရ၍ ကိုယ်တော်ကိုယုံကြည်သဖြင့် ကတိထားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။