ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1:8-14 Myanmar Standard Bible (MSB)

8. ဘု​ရား​သ​ခင်​သည် ထို​ကျေး​ဇူး​တော်​ကို ငါ​တို့​၌​ကြွယ်​ဝ​ပြည့်​စုံ​စေ​တော်​မူ​၍ ခပ်​သိမ်း​သော​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​အား​ဖြင့်

9. ခ​ရစ်​တော်​၌​ကြံ​ရွယ်​ထား​သည့် အ​လို​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို မိ​မိ​စေ​တ​နာ​တော်​အ​တိုင်း ငါ​တို့​အား​သိ​စေ​တော်​မူ​၏။

10. ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား အ​ချိန်​အ​ခါ​များ​ပြည့်​စုံ​သော​အ​ခါ ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ အ​ရာ​ခပ်​သိမ်း​တို့​ကို ခ​ရစ်​တော်​၌​ပေါင်း​စည်း​စေ​ရန် စီ​မံ​ခန့်​ခွဲ​တော်​မူ​ခြင်း​ဖြစ်​၏။

11. ငါ​တို့​သည်​လည်း အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​အ​လို​တော်​နှင့်​ညီ​သော​ဆုံး​ဖြတ်​ချက်​အ​တိုင်း လုပ်​ဆောင်​စေ​တော်​မူ​သော​အ​ရှင်​၏​အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ ကြို​တင်​သတ်​မှတ်​ထား​ခြင်း​ခံ​ရ​၍ ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​တော်​ကို​ရ​ရှိ​ကြ​၏။

12. ဤ​သည်​ကား ခ​ရစ်​တော်​၌ ဦး​စွာ​မျှော်​လင့်​ထား​သော​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ချီး​မွမ်း​ကြ​မည့်​အ​ကြောင်း​တည်း။

13. သင်​တို့​သည်​လည်း သင်​တို့​၏​ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​တည်း​ဟူ​သော သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​ကို ထို​သ​ခင်​၌​ကြား​ရ​၍ ကိုယ်​တော်​ကို​ယုံ​ကြည်​သ​ဖြင့် က​တိ​ထား​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။

14. ထို​ဝိ​ညာဉ်​တော်​သည် ပိုင်​ဆိုင်​တော်​မူ​သော​သူ​တို့​ရွေး​နုတ်​ခြင်း​ခံ​ရ​သည်​အ​ထိ ငါ​တို့​၏​အ​မွေ​အ​တွက် စ​ရန်​ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​ရန်​အ​တွက်​လည်း​ဖြစ်​၏။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1