ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1:7-21 Myanmar Standard Bible (MSB)

7. ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အား​ဖြင့် ရွေး​နုတ်​ခြင်း​တည်း​ဟူ​သော ကျူး​လွန်​သည့်​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို ထို​သား​တော်​အား​ဖြင့်​ရ​ရှိ​ကြ​၏။

8. ဘု​ရား​သ​ခင်​သည် ထို​ကျေး​ဇူး​တော်​ကို ငါ​တို့​၌​ကြွယ်​ဝ​ပြည့်​စုံ​စေ​တော်​မူ​၍ ခပ်​သိမ်း​သော​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​အား​ဖြင့်

9. ခ​ရစ်​တော်​၌​ကြံ​ရွယ်​ထား​သည့် အ​လို​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို မိ​မိ​စေ​တ​နာ​တော်​အ​တိုင်း ငါ​တို့​အား​သိ​စေ​တော်​မူ​၏။

10. ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား အ​ချိန်​အ​ခါ​များ​ပြည့်​စုံ​သော​အ​ခါ ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ အ​ရာ​ခပ်​သိမ်း​တို့​ကို ခ​ရစ်​တော်​၌​ပေါင်း​စည်း​စေ​ရန် စီ​မံ​ခန့်​ခွဲ​တော်​မူ​ခြင်း​ဖြစ်​၏။

11. ငါ​တို့​သည်​လည်း အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​အ​လို​တော်​နှင့်​ညီ​သော​ဆုံး​ဖြတ်​ချက်​အ​တိုင်း လုပ်​ဆောင်​စေ​တော်​မူ​သော​အ​ရှင်​၏​အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ ကြို​တင်​သတ်​မှတ်​ထား​ခြင်း​ခံ​ရ​၍ ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​တော်​ကို​ရ​ရှိ​ကြ​၏။

12. ဤ​သည်​ကား ခ​ရစ်​တော်​၌ ဦး​စွာ​မျှော်​လင့်​ထား​သော​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ချီး​မွမ်း​ကြ​မည့်​အ​ကြောင်း​တည်း။

13. သင်​တို့​သည်​လည်း သင်​တို့​၏​ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​တည်း​ဟူ​သော သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​ကို ထို​သ​ခင်​၌​ကြား​ရ​၍ ကိုယ်​တော်​ကို​ယုံ​ကြည်​သ​ဖြင့် က​တိ​ထား​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။

14. ထို​ဝိ​ညာဉ်​တော်​သည် ပိုင်​ဆိုင်​တော်​မူ​သော​သူ​တို့​ရွေး​နုတ်​ခြင်း​ခံ​ရ​သည်​အ​ထိ ငါ​တို့​၏​အ​မွေ​အ​တွက် စ​ရန်​ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​ရန်​အ​တွက်​လည်း​ဖြစ်​၏။

15. ထို့​ကြောင့် ငါ​သည်​လည်း သ​ခင်​ယေ​ရှု​အ​ပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​အ​ပေါ်​ထား​ရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အ​ကြောင်း​ကို ကြား​သိ​သ​ဖြင့်

16. သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ချီး​မွမ်း​လျက် ငါ​၏​ဆု​တောင်း​ချက်​များ​၌ သင်​တို့​ကို​သ​တိ​ရ​ကာ

17. ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​တော်​မူ​သည့်​ခ​မည်း​တော်​သည် မိ​မိ​ကို​သိ​ရှိ​စေ​ရန် ဉာဏ်​ပ​ညာ​နှင့်​ဗျာ​ဒိတ်​တော်​ဆိုင်​ရာ​ဝိ​ညာဉ်​ကို သင်​တို့​အား ပေး​တော်​မူ​မည့်​အ​ကြောင်း​နှင့်

18. ဘု​ရား​သ​ခင်​သည် သင်​တို့​၏​စိတ်​နှ​လုံး​မျက်​စိ​ကို ပွင့်​လင်း​စေ​၍ ခေါ်​ယူ​တော်​မူ​ခြင်း​နှင့်​ဆိုင်​သော မျှော်​လင့်​ခြင်း​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​ခံ​ရ​မည့်​အ​မွေ​တော်​သည် ဘုန်း​အ​သ​ရေ​နှင့် မည်​မျှ​ကြွယ်​ဝ​သည်​ကို​လည်း​ကောင်း၊

19. ကိုယ်​တော်​၏​အ​စွမ်း​သတ္တိ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​တို့​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ယုံ​ကြည်​သော​ငါ​တို့​အ​ပေါ်​သက်​ရောက်​သည့် ကိုယ်​တော်​၏​တန်​ခိုး​သည် မည်​မျှ​ထူး​ကဲ​ကြီး​မား​သည်​ကို​လည်း​ကောင်း သင်​တို့​အား​သိ​စေ​မည့်​အ​ကြောင်း တောင်း​လျှောက်​၏။

20. ဘု​ရား​သ​ခင်​သည် ထို​အ​စွမ်း​သတ္တိ​နှင့်​တန်​ခိုး​အ​ရှိန်​အ​ဝါ​တို့​ကို ခ​ရစ်​တော်​ထဲ​၌ သက်​ဝင်​လှုပ်​ရှား​စေ​တော်​မူ​၍ ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​ကာ

21. ခပ်​သိမ်း​သော အုပ်​ချုပ်​မှု၊ အာ​ဏာ​စက်၊ တန်​ခိုး၊ စိုး​ပိုင်​ခွင့်​နှင့် မျက်​မှောက်​ကာ​လ​၌​သာ​မ​က တ​မ​လွန်​ကာ​လ​၌​လည်း ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ခံ​ရ​သည့် ဘွဲ့​နာ​မ​ရှိ​သ​မျှ​တို့​၏​အ​ပေါ် အ​ထက်​ကောင်း​ကင်​အ​ရပ်​၌ မိ​မိ​၏​လက်​ယာ​တော်​ဘက်​တွင် ထိုင်​စေ​တော်​မူ​၏။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1