ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1:1-13 Myanmar Standard Bible (MSB)

1. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ခ​ရစ်​တော်​ယေ​ရှု​၌​သစ္စာ​ရှိ​သည့် ဧ​ဖက်​မြို့​တွင်​နေ​ကြ​သော​သန့်​ရှင်း​သူ​များ​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

2. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

3. အ​ထက်​ကောင်း​ကင်​အ​ရပ်​တွင်​ရှိ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခ​ရစ်​တော်​၌ ကောင်း​ချီး​ပေး​တော်​မူ​သည့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ခ​မည်း​တော်​ဖြစ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော။

4. ငါ​တို့​သည် ရှေ့​တော်​၌ သန့်​ရှင်း​၍ အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သူ​ဖြစ်​ကြ​မည့်​အ​ကြောင်း ဘု​ရား​သ​ခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ငါ​တို့​ကို ခ​ရစ်​တော်​၌​ရွေး​ကောက်​တော်​မူ​ပြီး

5. မိ​မိ​အ​လို​တော်​နှင့်​ညီ​သော​စေ​တ​နာ​အ​တိုင်း ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​ကို မိ​မိ​၏​သား​သ​မီး​အ​ရာ​၌ မေတ္တာ​တော်​ဖြင့် ကြို​တင်​သတ်​မှတ်​ထား​တော်​မူ​၏။

6. ဤ​သည်​ကား ချစ်​တော်​မူ​သော​သား​တော်​အား​ဖြင့် ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော မိ​မိ​ကျေး​ဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီး​မွမ်း​ကြ​မည့်​အ​ကြောင်း​တည်း။

7. ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အား​ဖြင့် ရွေး​နုတ်​ခြင်း​တည်း​ဟူ​သော ကျူး​လွန်​သည့်​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို ထို​သား​တော်​အား​ဖြင့်​ရ​ရှိ​ကြ​၏။

8. ဘု​ရား​သ​ခင်​သည် ထို​ကျေး​ဇူး​တော်​ကို ငါ​တို့​၌​ကြွယ်​ဝ​ပြည့်​စုံ​စေ​တော်​မူ​၍ ခပ်​သိမ်း​သော​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​အား​ဖြင့်

9. ခ​ရစ်​တော်​၌​ကြံ​ရွယ်​ထား​သည့် အ​လို​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို မိ​မိ​စေ​တ​နာ​တော်​အ​တိုင်း ငါ​တို့​အား​သိ​စေ​တော်​မူ​၏။

10. ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား အ​ချိန်​အ​ခါ​များ​ပြည့်​စုံ​သော​အ​ခါ ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ အ​ရာ​ခပ်​သိမ်း​တို့​ကို ခ​ရစ်​တော်​၌​ပေါင်း​စည်း​စေ​ရန် စီ​မံ​ခန့်​ခွဲ​တော်​မူ​ခြင်း​ဖြစ်​၏။

11. ငါ​တို့​သည်​လည်း အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​အ​လို​တော်​နှင့်​ညီ​သော​ဆုံး​ဖြတ်​ချက်​အ​တိုင်း လုပ်​ဆောင်​စေ​တော်​မူ​သော​အ​ရှင်​၏​အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ ကြို​တင်​သတ်​မှတ်​ထား​ခြင်း​ခံ​ရ​၍ ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​တော်​ကို​ရ​ရှိ​ကြ​၏။

12. ဤ​သည်​ကား ခ​ရစ်​တော်​၌ ဦး​စွာ​မျှော်​လင့်​ထား​သော​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ချီး​မွမ်း​ကြ​မည့်​အ​ကြောင်း​တည်း။

13. သင်​တို့​သည်​လည်း သင်​တို့​၏​ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​တည်း​ဟူ​သော သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​ကို ထို​သ​ခင်​၌​ကြား​ရ​၍ ကိုယ်​တော်​ကို​ယုံ​ကြည်​သ​ဖြင့် က​တိ​ထား​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1