1. ပထမပဋိညာဉ်တွင်လည်း ဝတ်ပြုခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် လောက၌ရှိသောသန့်ရှင်းရာဌာနတို့ပါ၏။
2. အကြောင်းမူကား တဲတော်ကိုပြင်ဆင်ရာတွင် သန့်ရှင်းရာဌာနဟုခေါ်သော ပထမအခန်းထဲ၌ ဆီမီးခုံ၊ စားပွဲနှင့် ရှေ့တော်မုန့်တို့ကိုထားရှိကြ၏။
3. ဒုတိယကန့်လန့်ကာ၏နောက်တွင်မူကား အလွန်သန့်ရှင်းရာဌာနဟုခေါ်သောတဲတော်ရှိ၏။